Latest News

Saturday, March 25, 2017

သင်္ကြန်မှာ အစိုးသစ်နဲ့ ဘယ်လို လုပ်ငန်းရှင်တွေ ပူးပေါင်းလာမလဲ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရဲ့  မဟာသင်္ကြန် ကျင်းပနိုင်ရေးအတွက် ဘယ်လို လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်လာမခဲဆိုတာ စိတ်ဝင်စားစရာရှိပါတယ်။
မဟာ သင်္ကြန်ဗဟို မဏ္ဍပ် ဆောက်လုပ်ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း (၅၀၀)ခန့် ကုန့် ကျမှာဖြစ်ပါတယ်.။
လတ်တလော အစိုးရ က သင်္ကြန်အတွက် ဘက်ဂျက် ငွေခုနစ်တယ့်ငါးသိန်း သာ ထုတ်ပေးခဲ့ ကြောင်း အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန က အကြီးတန်းအရာရှိကပြောပါတယ်။
လိုအပ်တာကတော့ သိန်းလေးရာလောက်ရှိမှာ ပေါ့  အရင်တုန်းကဆိုရင်တော့ လုပ်ငန်းရှင်တွေကိုခေါ်ပြီးဘယ်လောက် ထည့်ပါဆိုပြီးလုပ်တာပေါ့ ခုတော့ အဲ့ လိုမလုပ်ဘူး အလှူခံရမှာပေါ့ တလှူချင်လဲမလှူချင်လဲမလှူနဲ့ ပေါ့ အတင်းအကြပ်တော့ မဟုတ်ဘူးလို့  သူကပြောပါတယ်.။
၂၀၁၄ ခုနှစ်က မဟာသင်္ကြန်ကျင်းပနိင်ရေးအတွက် ပုသိမ်မြို့ ပေါ်က ပုဂ္ဂလ်ဘဏ်တွေကိုငွေကျပ်သုံးသိန်းထည့် ၀င်ဖို့ စည်ပင်သာယာရေးဌာနက ညွှန်ကြားချက် တစ်ဆောင်ထုတ်ပြန်ခဲ့ ဘူးပါတယ်။
အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက တစ်လောက တွေ့ ဆုံပွဲတစ်ခုမှာ  ကျွန်မတို့ နဲ့ ရင်းနှီးတဲ့  လုပ်ငန်းရှင်တွေ ရှိပါတယ် သို့ သော် ကျွန်မတို့ အစိုးရနဲ့  ပူးပေါင်းဆောင်ရွက်နိင်သူတွေဖြစ်ရမယ် အများပြည်သူအကျိုးကို ကြည့်ရပါမယ်လို့  ပြောခဲ့ ဘူးပါတယ် ။
အစိုးရသစ်စတက်လာလာချင်းမှာ အဂတိတိုက်ဖျက်ရေး ရည်မှန်းချက်များနဲ့ အညီ အများပြည်သူအကျိုးပြုတာတွေစဉ်စားမယ် ဆိုတဲ့  ကြွေးကြော်သံတွေကြောင့် လုပ်ငန်းရှငိတွေ အများစု က အစိုးရအဖွဲ့ ကို ချဉ်းကပ်မှုက အရင်အစိုးရလောက်မရှိပေမဲ့ တစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာတော့ လုပ်ငန်းရှငိအများစု အစိုးရ ရုံးနဲ့ အ၀င်အထွက်တွေများလာပါတယ်။
ခုလက်ရှိ NLDအစိုးရသစ် လက်ထက်ကျင်းပမယ့် မဟာသင်္ကြန်မှာ လိုအပ်နေတဲ့ သိန်းလေးရာကျော်ကို ဘယ်လို လုပ်ငန်းရှင်တွေက အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး ပူးပေါင်းပါဝင်လာမလည်းဆိုတာ စိတ်ဝင်စားစရာရှိပါတယ်။

မျိုးမင်းပိုင်(တိုင်းဧရာ)

 

No comments:

Post a Comment