Latest News

Sunday, March 19, 2017

ထိုင်း ဘုန်းကြီး တစ်ပါးဆီမှာ အစီအရင်နဲ့ တက်တူး တွေထိုးခဲ့တဲ့ ဂျိုလီ

ထိုင်း ဘုန်းကြီး တစ်ပါးဆီမှာ အစီအရင်နဲ့ တက်တူး တွေထိုးခဲ့တဲ့ ဂျိုလီ

ကမ္ဘောဒီးယား မှာ ရုပ်ရှင်ရိုက်ကူးစဉ်က ထိုးခဲ့တာဖြစ်ပါတယ်။

အန်ဂျလီနာဂျိုလီ ဟ ကမ္ဘာဒီးယားမှာ First They Killed My Father ဇာတ်ကား ရိုက်ကူးဖို့သွားစဉ်က ထိုင်းကိုရောက်ခဲ့ကာ ရိုးရာတက်တူးထိုးနည်းနဲ့ တက်တူး ၃ ခုကို အနာအကျင်ခံပြီး ထိုးခဲ့တာ ဖြစ်ပါတယ်။

ဂျိုလီ နဲ့ ဘရတ်ပစ် မကွဲခင် ၂၀၁၆ ဖေဖော်ဝါရီလ က အန်ဂျလီနာဂျိုလီ ဟာ သူတို့ရဲ့အိမ်ထောင်ရေး တည်မြဲလိမ့်မယ်လို့ သိပ်ကိုသေချာခဲ့ပါတယ်။ သူမဟာ ဘရတ်ပစ် နဲ့ သူမရဲ့ ခိုင်မြဲမှု သင်္ကေတအဖြစ် အစီအရင်တွေပါတဲ့ ယင်းတက်တူး ၃ ခုကို ထိုးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာဒီးယားနိုင်ငံ၊ ခမာနီခေတ်က နိုင်ငံသားတွေရဲ့ဖြစ်ရပ်ဆိုးကို ပုံဖော်ပြီး ဂျိုလီ ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ First They Killed My Father ဇာတ်ကားရိုက်ကူးရေးက အနားယူစဉ်မှာ အန်ဂျလီနာဟာ မိသားစုနဲ့အတူ ထိုင်း နိုင်ငံကိုသွားရောက်ခဲ့ပြီး ထိုင်း ဘုန်းကြီးဟောင်း Ajarn Noo Kanpai ဆီမှာ တက်တူး ၃ ခု ထိုးခဲ့ပါတယ်။

ခွဲခန်းသုံး အပ်တွေနဲ့ စတီးကြိုးတွေသုံးပြီး ထိုးရတဲ့ နာကျင်လှတဲ့ ရိုးရာ တက်တူး ထိုးနည်း ဟာ ယခုခေတ်တက်တူးတွေထက် ပိုပြီးတိကျတယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက ဂျိုလီ နဲ့အတူ ဘန်ကောက် ကိုရောက်ခဲ့တဲ့ ဘရတ်ပစ် ဟာလည်း သူ့ရဲ့ဝမ်းဗိုက် ဘယ်ဘက်အခြမ်းမှာ ဗုဒ္ဓသင်္ကေတတက်တူးတစ်ခု ထပ်ထိုးခဲ့ပါသေးတယ်။ သူတို့နှစ်ဦးကို အတူတကွ ချည်နှောင်တဲ့အနေနဲ့ ဇနီးမောင်နှံ ၂ ဦးစလုံးဟာ မင်တွေအတူတူ သုံးခဲ့ကြပါတယ်။

Ajarn ရဲ့တက်တူးတွေဟာ ကာရာဒယ်လဗင်းနဲ့ မီရှယ်ရော့ဒရီးဂက်စ်တို့ အပါအဝင် ဆယ်လီအတော်များများကြားမှာ အရမ်းကို ပေါ်ပြူလာဖြစ်နေပြီး ဒေါ်လာထောင်နဲ့ချီ ပေးရပါတယ်။

အဲဒီတုန်းက ဂျိုလီ နဲ့ ဘရတ်ပစ် တို့ရဲ့ အိမ်ထောင်ရေး ဟာ အားလုံးအဆင်ပြေ ငြိမ်းချမ်းနေပုံရပေမဲ့ နောက်လအနည်းငယ်အကြာမှာတော့ သူတို့ရဲ့ ၁၂ နှစ်ကြာ ဆက်ဆံရေးနဲ့ ၂ နှစ်ကြာခဲ့တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလက အသက် ၄၁ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီဟာ အသက် ၅၃ နှစ်အရွယ် ဟောလိဝုဒ်မင်းသား ဘရတ်ပစ်နဲ့ ကွဲကွာသွားပေမဲ့ သူတို့ဟာ ကလေး ၆ ဦးနဲ့ ပတ်သက်လာရင် မိသားစုအဖြစ် အမြဲရှိနေမှာပါလို့ ဂျိုလီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

အခုတော့ အန်ဂျလီနာဂျိုလီ က ကလေး ၆ ဦးကို ရင်အုပ်မကွာ အုပ်ထိန်းခွင့်ရဖို့ တောင်းဆိုထားပြီး ဘရတ်ပစ်က ပူးတွဲအုပ်ချုပ်ခွင့် တောင်းဆိုထားတဲ့အတွက် တရားရင်ဆိုင်နေကြရပါတယ်။Duwun



No comments:

Post a Comment