Latest News

Sunday, March 19, 2017

ပြန်လည်တောင်းပန်လိုက်တဲ့ ပြေတီဦး

ပြန်လည်တောင်းပန်လိုက်တဲ့ ပြေတီဦး

အစလွန်သွားတာလို့ ဆိုပါတယ်။

ပြေတီဦးကတော့ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ သူတွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အကယ်ဒမီပေးပွဲ မကျင်းပမီ တစ်ရက်အလိုက အွန်ုလိုင်းစာမျက်နှာပေါ်မှာ ပြန်နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ အစလွန်တဲ့ အကျင့်တစ်ခုကြောင့် ပရိသတ်တွေအထင်မှားစရာတွေ ဖြစ်ခဲ့တာပါ။

သူဟာ အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်ကို သက်သက်စနေတာဖြစ်ပြီး သူတစ်ပါးကို မကောင်းတဲ့စိတ်နဲ့ ထိခိုက် စေလိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်ဘူးလို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။မကောင်းတဲ့ စိတ်နဲ့ဆိုရင် သူများမကြား အောင် တိုးတိုးလေးပြောမှာပေါ့ အခုဟာက လူတွေအများကြီးရှေ့မှာ စနေတာပါလို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ ပြောလိုက်တဲ့အပေါ်မှာ မထင်မှတ်ပဲနဲ့ ထိခိုက်သွားတယ် နစ်နာသွားတယ်ဆိုရင်လည်း အားလုံးကို အနူးအညွှတ် တောင်းပန်းပါတယ်လို့ ယင်းအင်တာဗျူးထဲမှာ ပြောထားပါတယ်။

အွန်လိုင်းပေါ်မှာ ပြန့်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြေတီဦးဟာ ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ ဝတ်မှုန်ရွှေရည်ကိုသာ အကယ်ဒမီရ စေချင်ကြောင်းကို အထပ်ထပ်အခါခါပြောခဲ့ခြင်းဖြစ်ပါတယ်။ ဗီဒီဖိုင် အွန်လိုင်းပေါ် ပြန့်ပြီးနောက်ပိုင်းမှာလည်း ပရိသတ်များ အနေနဲ့ အံ့သြခဲ့ရသလို ပရိသတ်များရဲ့ စိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
Source  : Popular News : Duwun
Photo : ပြေတီဦးဖေ့စ်ဘွတ်

No comments:

Post a Comment