Latest News

Sunday, March 19, 2017

ဝန်ကြီးဌာနအားလုံးတွင် ယူနီကုတ်စနစ်အသုံးပြုရန် သမ္မတရုံးညွှန်ကြား

ဝန်ကြီးဌာနအားလုံးတွင် ယူနီကုတ်စနစ်အသုံးပြုရန် သမ္မတရုံးညွှန်ကြား

ဧပြီ ၁ ရက်ကစ၍ ၀န် ကြီးဌာနအားလုံးတွင် ကွန်ပျူတာ မြန်မာစာစနစ်ကို ယူနီကုတ်တစ်ခု တည်းကိုသာ အသုံးပြုရမည်ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြား ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ဒါက အသစ်မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ၀န်ကြီးဌာ နတွေမှာ Myanmar 2 ဖောင့်(ယူ နီကုတ်)ဖောင့်ကိုသုံးနေတာ’’ ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် နိုင်ငံတော်သမ္မ တရုံး၏ ညွှန်ကြားချက်၌ ဧပြီ ၁ ရက်မှစတင်၍ ၀န်ကြီးဌာနများ၏ ရုံးသုံးကွန်ပျူတာစနစ်တွင် ယူနီ ကုတ်ဖောင့်များကိုသာ အသုံးပြုရမည်ဟု ပါရှိသည်။

 ‘‘စာထွက်တယ်ဆိုတာကို သိထားတယ်။ ဒါပေမဲ့ အသင်း ချုပ်ကို တရားဝင်စာပို့တာ မရှိဘူး။ဝန်ကြီးကပြောလို့ သိတာလောက် ပဲ ရှိတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ် ဥက္ကဋ္ဌဦးခွန်ဦး က ပြောသည်။

လက်ရှိအချိန်တွင် ဇော်ဂျီ ဖောင့်မှာ မြန်မာနိုင်ငံ၌ လူသုံးအများဆုံးကွန်ပျူတာသုံး မြန်မာစာစနစ် ဖြစ်သည်။ လူသုံးများ သည့် ကွန်ပျူတာသုံး မြန်မာစာ စနစ်နှင့် စာရိုက်လက်ကွက်အ နည်းငယ်ကွာခြားသည့် ယူနီကုတ်ဖောင့်ကို ၀န်ကြီးဌာနများ၌ ပြောင်းလဲအသုံးပြုခြင်းစသည့် အ လေ့အကျင့်မရှိသော ၀န်ထမ်းများအခက်အခဲတစ်ခုဖြစ်နေကြောင်း တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

  ‘‘ရုံးစာတွေတောင်းရင် Myanmar 3 ဖောင့်နဲ့ပဲပေးပါဆို ပြီးတော့ တောင်းဆိုတာတွေ ရှိပါ တယ်။ ၀န်ကြီးဌာနတွေမှာသုံးတဲ့ EDMS စနစ်တွေ၊ GPMS စနစ် တွေမှာလည်း  အားလုံးကတူညီစွာ သုံးကြရတာပါပဲ။ ဒီထဲမှာ Myan -mar One ဖောင့်ကိုသုံးတာ လည်း ရှိတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဝန်ကြီးဌာနများ၌ ကွန်ပျူ တာသုံးမြန်မာစာစနစ်ကို ယူနီ ကုတ်ဖောင့်များသာ အသုံးပြုရ မည်ဟု ညွှန်ကြားချက်ထွက်လာ သည်မှာ အလွန်ကောင်းမွန် ကြောင်း လိုအပ်သောအကူအညီ များကို ပေးအပ်ရန်စောင့်ဆိုင်းနေ သော်လည်း အစိုးရအဖွဲ့အနေဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိ ကြောင်း၊ ကွန်ပျူတာသုံးယူနီကုတ်မြန်မာစာစနစ်ကို မြန်မာစာအဖွဲ့ နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ခဲ့သည့် ကွန်ပျူတာအ သင်းချုပ်မှ တာဝန်ရှိသူများက ပြောသည်။

‘‘၀န်ကြီးဌာနတစ်ခုတည်းအ နေနဲ့ အကောင်အထည်ဖော်လို့ မရဘူး။ ပညာရှင်တွေ၊ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းလုပ်မှ အောင်မြင်မှာပါ။ ၀န်ကြီးဌာနတွေ အတွက် အသင်းချုပ်က လုပ်ပေး ချင်တယ်။ ဒါပေမဲ့ ဘာမှမခိုင်းဘူး လေ။ ၀က်ဘ်ဆိုက်တွေမှာ ယူနီ ကုတ်သုံးပေမယ့်လည်း ယူနီကုတ်မဟုတ်တဲ့ဖောင့်တွေနဲ့ကြည့်ရင် မြင်တဲ့စနစ်တွေထည့်ပေးခြင်းက လည်း လာရောက်ထိတွေ့တဲ့ လူ ထုအတွက် မထိခိုက်စေတော့ ဘူး။ အစိုးရက ပြောင်းလဲအသုံးပြု မှာကိုတော့ သဘောကျတယ်။ ဒါ ပေမဲ့ တွေ့လာတဲ့အခက်အခဲကို ၀ိုင်းဝန်းဖြေရှင်းမှ ရမှာပါ’’ဟု မြန် မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူးဒေါက်တာ ထွန်းသူရသက်က ပြောသည်။

မြန်မာနိုင်ငံသည် ယူနီကုတ် စံစနစ်ကို ကွန်ပျူတာများနှင့် မို ဘိုင်းဖုန်းများ၌ လက်ခံအသုံးပြု မှု နည်းပါးနေခြင်းကြောင့် အွန် လိုင်းအခန်းကဏ္ဍတိုးတက်မှုရှိ သင့်သလောက် မတိုးတက်ခဲ့ ကြောင်းနှင့် Developer များအ နေဖြင့် တီထွင်ဖန်တီးမှုနှင့် လုပ်ငန်းတွင်ကျယ်မှု၌ ဈေးကွက် လိုအပ်ချက်နှင့် စံသတ်မှတ်ချက် အကြား စဉ်းစားတွေဝေမှုများရှိ နေကြောင်း ကွန်ပျူတာပညာရှင် များက ပြောသည်။

ကွန်ပျူတာသုံးမြန်မာစာ စနစ်ကို နိုင်ငံတကာစံသတ်မှတ် ချက်များအတိုင်း လိုက်နာသည့် ယူနီကုတ်ဖောင့်များ အသုံးပြုရန် မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်က ယခင်ဆက်သွယ်ရေးဝန် ကြီးဌာန လက်ထက်ကတည်းက ၀ိုင်းဝန်းလုပ်ဆောင်ခဲ့သည်။
7Day News Journal

No comments:

Post a Comment