Latest News

Saturday, March 18, 2017

ပြင်သစ် ပဲရစ်မြို့ မှာ စစ်သားဆီကနေ သေနတ်လုပြေးမှု ဖြစ်ပေါ်


ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီးက Orly လေဆိပ်မှာ စစ်သားထံကနေ လူတစ်ဦးက သေနတ်လုပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေကပြောပါတယ်။
 အဲဒီ သေနတ်လုယူသူ ဟာ လေဆိပ် တောင်ပိုင်း မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတွေ ဟာ သေနတ်လုသူကို အသေပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
 အဲဒီသူ ဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှီတာကြောင့်  စစ်သားဆီကနေ သေနတ်လုခဲ့တာဖြစ်တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
 အဲဒီသေနတ်သမား ဟာ သေနတ်လုပြီး ကားနဲထွက်ပြေးခဲ့ကြောင်း၊ပဲရစ်မြို့မြောက်ပိုင်း စစ်ဆေးရေးဂိတ်မှာ ရဲတွေကို ပစ်ခတ်မှုရှိခဲ့ပြီးနောက်ပိုင်း ၊ ပြင်သစ်တောင်ပိုင်းက လူမနေတဲ့အိမ်မှာ သေနတ်လုထွက်ပြေးသူကို ရှာဖွေတွေရှိခဲ့တာကြောင်း ပြင်သစ်အာဏာပိုင်တွေကပြောပါတယ်။
 အဲဒီသေနတ်သမား ဟာ ကားကိုလည်း လေဆိပ်ကနေခိုးယူလာဖွယ်ရှိကြောင်း ၊ သူ ဟာ လေဆိပ် နားမှာ  ၉၀ မီနစ်ကြာဝေ့လည်ကြောင်ပတ်လုပ်ပြီးနောက် စစ်သားဆီကနေ သေနတ်ကို လုပြေးခဲ့တာကြောင်း ၊ ကားပိုင်ရှင်အမျိုးသမီးကိုလည်းအကြမ်းဖက်တိုက်ခိုက်မှု လုပ်ဖို့ ရည်ရွယ်ခဲ့ကြောင်း ပြင်သစ်သတင်းစာတွေကရေးသားကြပါတယ်။
 လက်ရှိအချိန်မှာ ပြင်သစ်ရဲတွေ ဟာ စစ်သားဆီကနေ သေနတ်လုထွက်ပြေး ပြီးအကြမ်းဖက်တိုက်ခိုက်ခဲ့သူ ဟာ ဘယ်သူဖြစ်တယ်ဆိုတာ အတိကျမသိရသေးဘဲစုံစမ်းနေဆဲဖြစ်ပါတယ်။ ပြင်သစ်ရဲတွေ ဟာ သေနတ်လုပြေးသူ ရဲ့အဖေ နဲ့ အကို ကို ဖမ်းဆီးထားပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment