Latest News

Saturday, March 18, 2017

ချစ်သူအမျိုးသမီးကို ဥက္ကာခဲ ၃၃ တန်နဲ့လမ်းလယ်ခေါင်မှာတင်တောင်း


အမျိုးသမီးတွေ ဟာ ကိုယ်ရဲ့ချစ်သူက စိန်တုံးကြီးတွေ တင်တောင်းမယ်ဆိုရင် အင်မတန်ပျော်ရွင်မှု ဖြစ်ကြမှာမလွဲပါဘူး
ဒါပေမယ့် လည်း တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦး ဟာသူရဲ့ချစ်သူရဲ့တင်တောင်းမှုအပေါ် ပျော်ရွင်နှစ်သက်တယ်လို့ ဆိုပါတယ်။
 တရုတ်နိုင်ငံသားတစ်ဦးဖြစ်သူ Liu Fei ဟာ သူရဲ့ချစ်သူကိုအခြားသူတွေနဲမတူဘဲ မိုးပေါ်က ကျလာတဲ့ ဥက္ကာခဲနဲ့တင်တောင်းပြီး လက်ထပ်ဖို့ ခွင်ပန်ခဲတယ်လို့သိရပါတယ်။
 အဲဒီတရုတ်နိုင်ငံ Urumqi ဟာ  အခြားသူတွေနဲ့မတူဘဲ ချစ်သူကို လမ်းလယ်ခေါင်မှာ ဥက္ကာခဲနဲ့တင်တောင်း ပြီးလက်ထပ်ခွင့်ပန်ခဲ့တာပါ၊
တင်တောင်းခဲ့တဲ့ ဥက္ကာခဲ့ ဟာ ၃၃ တန်အလေးချိန်ရှိပါတယ်။ Liu Fei ဟာ အမျိုးဆီကို ဥက္ကာခဲကြီးသယ်ဆောင်လာပြီး လမ်းလယ်ခေါင်မှာ ဒူးဒေါက်ပြီးအမျိုးသမီးကို လက်ထပ်ခွင့်တောင်းခဲ့တာပါ၊
 ဥက္ကာခဲဆိုတာ ကျောက်တုံးကြီးမဟုတ်ဘဲ အမေရိကန်ဒေါ်လာ ၁၄၅၀၀၀ နဲ့ ၀ယ်ယူခဲ့တာပါ၊ တရုတ်အမျိုးသမီး ဟာသူအပေါ် ဥက္ကာခဲနဲ့တင်တောင်းတာကိုလက်ခံလိုက်ပြီး မကြာခင်မှာလက်ထပ်မှာဖြစ်တယ်လို့ တရုတ်မီဒီယာတွေကဖော်ပြပါတယ်။
ref odds
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment