Latest News

Saturday, March 18, 2017

တရုတ်စစ်တပ်ရဲ့ အန္တရာယ်ကြီးထွားလာ၊ အမေရိကန်ရဲ့ မဟာဗျူဟာ မရေရာလို့ ထိုင်ဝမ်ပြော

တရုတ်စစ်တပ်ရဲ့ အန္တရာယ်ကြီးထွားလာ၊ အမေရိကန်ရဲ့ မဟာဗျူဟာ မရေရာလို့ ထိုင်ဝမ်ပြော

မတ် ၁၄- တရုတ်ရဲ့ အရှိန်အဟုန်မြင့် လာတဲ့ စစ်တပ်အင်အားဖွံ့ဖြိုးမှုနဲ့ ထိုင်ဝမ်အနီးတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေရဲ့ လတ်တလောလှုပ်ရှားမှု တွေကြောင့် ထိုင်ဝမ်အတွက်  အန္တရာယ်ပိုကြီးလာတယ်လို့ ထိုင်ဝမ် အစိုးရရဲ့ ကာကွယ်ရေးအစီရင်ခံစာ မူကြမ်းတစ်ခုကို ရိုက်တာက ကိုးကားဖော်ပြပါတယ်။

2017 Quadrennial Defe-nce Review မှာ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ပဋိပက္ခပြဿနာတွေ၊ စစ်တပ်စွမ်းရည်ကို အင်အားပြလာတဲ့ ဂျပန်ရဲ့ သက်ရောက်မှုနဲ့ ဒေသတွင်းမှာ အမေရိကန်ရဲ့ အနာဂတ်မဟာဗျူ ဟာလမ်းကြောင်းမှာ မရေရာမှုတွေ ဖြစ်နေတဲ့ အကြောင်းကို အလေးပေး ဖော်ပြထားပါတယ်။

သည်စာတမ်းကို ကြာသပတေးနေ့မှာ လွှတ်တော်ကိုတင်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက် မှုလုပ်ဆောင်နိုင်စွမ်းတွေ ဆက်လက်မြင့်တက်လာတာကို ထိုင် ဝမ်အနီးတစ်ဝိုက်မှာ တရုတ်လေယာဉ်တွေ၊ သင်္ဘောတွေရဲ့ လတ်တလော လှုပ်ရှားမှုတွေက ဖော်ပြနေတယ် ဒါဟာကျွန်တော်တို့ နိုင်ငံ ကို စစ်ရေးခြိမ်းခြောက်မှု ပြသနေတဲ့အပြင် ဒေသတွင်း တည်ငြိမ် အေး ချမ်းရေးမှာလဲ မကောင်းတဲ့ သက်ရောက်မှု ရှိစေတယ်လို့ ထိုင်ဝမ်အနေနဲ့ ကိုယ့်နယ်မြေ ကာကွယ်နိုင်ဖို့ အရေးကြီးနေပြီဖြစ်တဲ့ အကြောင်းသုံးသပ်ချက်မှာ ဖော်ပြ ခဲ့ပါတယ်။

လေးနှစ်တာ အချိန်ယူခဲ့တဲ့ သည်သုံးသပ်ချက်ဟာ သမ္မတ ဆိုင်အင်းဝမ် အာဏာရခဲ့ပြီး နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးရဖို့ အမြဲ ထောက်ခံအားပေးတဲ့ အာဏာရ Democratic Progressive Party လက်ထက်မှာ ထွက်ပေါ်လာတဲ့ ပထမဆုံးအစီရင်ခံစာ ဖြစ်ပါတယ်။

တရုတ်က ၄င်းရဲ့ စစ်တပ်အဆင့်မြှင့်တင်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထိုင်ဝမ် တစ်ဝိုက်က ရေပိုင်နက်အတွင်း လေကြောင်းနဲ့ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ တိုး မြှင့်လုပ်ဆောင်လာခဲ့ပြီးနောက် အခုလို သုံးသပ်ချက်ထွက်ပေါ်လာတာပါ။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ သည်ကိစ္စအတွက် မှတ်ချက်ပြောကြားမှုမရှိသေးပါ ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

YSD

[ref: Reuters, Mar 14, 2017.]

Kumudra

No comments:

Post a Comment