Latest News

Wednesday, March 15, 2017

သင့်ဘေးနားက လူတွေရဲ့ တွေးခေါ်ပုံ အဆင့် (၄) ဆင့်




အဆင့် (၁)


အဆင့် (၂)


အဆင့် (၃)


အဆင့် (၄)


Credit : Duwun


#Unicode Version


လူတွေရဲ့ ပြုမူပြောဆိုပုံတွေအပေါ် သူတို့ရဲ့ တွေးခေါ်စဉ်းစားပုံတွေကလည်း လွှမ်းမိုးပါတယ်။ တစ်ချို့လူတွေဟာ အများနဲ့ မတူတဲ့ တွေးခေါ်ပုံမျိုးတွေရှိတတ်ပါတယ်။ တစ်ချို့လူတွေကတော့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို သက်သောင့်သက်သာပဲ တွေးခေါ်သွားနိုင်ပါတယ်။ တစ်ချို့လူတွေရဲ့ တွေးခေါ်ပုံကတော့ အများနောက်လိုက်ပြီး ကိုယ်ပိုင် ပုံစံမရှိတတ်ပါဘူး။ အမျာဆုံးတွေ့ရတတ်တဲ့ လူတွေရဲ့တွေးခေါ်မှုအဆင့် (၄) ဆင့်ရှိပါတယ်။

အဆင့် (၁)

ပထမဆုံး အဆင့်ကတော့ အခြားလူပြောတာကို ယုံတဲ့အဆင့်ပါ။ လွပ်လွပ်လပ်လပ် တွေးခေါ်နိုင်စွမ်း မရှိသေးပါဘူး။ သင့်မျက်စိရှေ့က အများစု ပြောနေတာ မှန်သမျှကို ယုံတတ်ပါတယ်။ ပြဿနာတွေကို သင်ကိုယ်တိုင်တွေးခေါ်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ ဖြစ်ပါတယ်။ တွေးခေါ်တဲ့အခါ အများနောက်လိုက်မယ့်အစား ကိုယ်ပိုင် လွပ်လွပ်လပ် စတွေးတဲ့အကျင့်ကို လုပ်သင့်ပါတယ်။

အဆင့် (၂)

ကမ္ဘာကြီးက ကိစ္စတွေအကုန်လုံးမှာ အဖြူ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မည်းရမယ်လို့ တွေးခေါ်ပုံမျိုးဖြစ်ပါတယ်။ လူတစ်ယောက်ကို သင်မြင်တဲ့အခါ ကောင်းရင်ကောင်း၊ မကောင်းရင်ဆိုးတဲ့လူပဲလို့ မြင်တာမျိုးပါ။ နေ့စဉ်ဘဝမှာ အကောင်းနဲ့အဆိုးအပြင် အခြားအရာများစွာ ရှိသေးတာကို သင်နားမလည်သေးတာပါ။ သင့်တွေးခေါ်မှုတွေ အားလုံးဟာလည်း ဒီလိုအမြင်ထဲက ထွက်လာတာဖြစ်ပါတယ်။

အဆင့် (၃)

အကြောင်းအရာဖြစ်ရပ်တွေကို တစ်ဖက်တည်းက ကြည့်တတ်သူ မဟုတ်တော့ပါဘူး။  တစ်စုံတစ်ခုရဲ့ အကျိုးအပြစ်တွေကိုပါ တွက်ဆတတ်သူ ဖြစ်လာပါတယ်။ တရားသေတွေးခေါ်တတ်သူမျိုးမဟုတ်ဘဲ အခြေအနေ ပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဉ်းစားတတ်သူ ဖြစ်လာပါတယ်။ အချိန်အတော်ကြာအောင် ယုံကြည်ခဲ့ရတာတွေအပေါ် စိန်ခေါ်ဖို့ ဝန်မလေးသူ၊ သံသယရှိဖို့ ဝန်မလေးသူ ဖြစ်လာပါတယ်။

အဆင့် (၄)

ပြဿနာတစ်ခုကို ချည်းကပ်ပုံက အများနဲ့မတူသူတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချရတဲ့ကိစ္စတွေမှာ သူတို့ရဲ့တွေးခေါ်ပုံတွေကို အများက အသိအမှတ်ပြုရပါတယ်။ ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုအားကောင်းသူတွေလည်း ဖြစ်ပါတယ်။ လိုအပ်ရင် အခြားလူရဲ့ နေရာက ဝင်ရောက်တွေးခေါ်နိုင်သူ ဖြစ်ပါတယ်။ ကြုံနေကျမဟုတ်တဲ့ ပြဿနာမျိုးကို ကြုံရတဲ့အခါ သူတို့ရဲ့ ပြဿနာရင်းမြစ်ကို ရှာဖွေနိုင်ပုံက အခြားလူတွေ အသိအမှတ်ပြုရပါတယ်။

Credit : Duwun

No comments:

Post a Comment