Latest News

Wednesday, March 15, 2017

အစွန်းရောက်သံဃာတွေကို အားပေးအားမြှောက်ပြုနေတဲ့ အဖွဲ့အစည်းရှိတယ်လို့ သူရဦးအောင်ကိုပြော

အစွန်းရောက်သံဃာတွေကို အားပေးအားမြှောက်ပြုနေတဲ့ အဖွဲ့အစည်းရှိတယ်လို့ သူရဦးအောင်ကိုပြော

သူတို့ကို အားပေးအားမြှောက်ပြုနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းရှိပါတယ်။

အစွန်းရောက်သံဃာ အနည်းစုသာရှိပြီး အဆိုပါသံဃာတွေကို အားပေးအားမြှောက်ပြုနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းလည်းရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၁၅  ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်  လူမှုကွန်ရက်စာမျက်နှာမှာ အစွန်းရောက်တဲ့ အသုံးအနှုန်းတွေ သုံးစွဲပြီး  ဝေဖန်တိုက်ခိုက်တဲ့ သံဃာတွေရှိနေတာကြောင့်  မည်ကဲ့သို့ဆောင်ရွက်မယ်ဆိုတာကို မေးမြန်းတဲ့အခါ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

‘‘သံဃာတော်အများစုဆိုတာ မဟုတ်ပါဘူး။ အစွန်းရောက်တဲ့ သံဃာအနည်းစုကြောင့် ဖြစ်ပါတယ်။ အနည်းစုကလည်း ထင်ပါတယ်။ လက်ချိုးရေလို့ ရပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ အမနာပစကားလုံးတွေနဲ့၊ တကယ့်ကို ရဟန်းမဆန်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်နေတာတွေ ရှိပါတယ်။ အဲဒါလည်း သုံးလေးငါးယောက်ထက် မပိုပါဘူး။ တစ်ခါသူတို့ကို အားပေးအားမြှောက်ပြုနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းရှိပါတယ်။ အဲဒီပုဂ္ဂိုလ်အဖွဲ့အစည်းကလည်း အကောင့်အမျိုးမျိုးနဲ့ ပြောင်းပြီးတော့ တိုက်ခိုက်တာဖြစ်ပါတယ်’’ လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးကပြောကြားပါတယ်။

ဘယ် ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းဖြစ်ယ်ဆိုတာကို သူရဦးအောင်ကိုက ထုတ်ဖော်မပြောကြားပေမယ့် အားပေးအားမြှောက်ပြုနေသူဟာ တစ်နိုင်ငံလုံးမှာ ရာဂဏန်းမကျော်ဘူးလို့ ဆိုပါတယ်။
ပြည်သူအများစုဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အပါအ၀င် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဦးဆောင်မှုအောက်မှာ လေးစားလိုက်နာဆောင်ရွက်လျက်ရှိပြီး ထေရ၀ါဒဗုဒ္ဓသာသနာကြီးရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေကိုလည်း မလိုလားဘူးလို့ သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။
ဆရာတော် ဦးဝီရသူ ကိစ္စနဲ့ ပတ်သက်လို့မေးမြန်းရာမှာ ‘‘ ဦးဝီရသူ ကိစ္စကတော့ လောလောဆယ် ဘာမှပြောဖို့မရှိပါဘူး။ ပြောဖို့မရှိပါဘူးဆိုတာ သူ့အဆင့်လိုက် လာမှာပါ။ အခုအချိန်ပြောရင် ထပ်ပြောရင် သိပ်ပြီးတော့ဟဲဗီးဖြစ်သွားမယ် ’’ လို့ သူရဦးအောင်ကိုက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Source: 7Day Daily : Duwun
Photos: Mizzima - News in Burmese

No comments:

Post a Comment