Latest News

Wednesday, March 15, 2017

စင်္ကာပူ သင်တန်းကျောင်း မြန်မာနိုင်ငံကို လွှဲမည်

စင်္ကာပူ သင်တန်းကျောင်း မြန်မာနိုင်ငံကို လွှဲမည်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံ ဝါရင့် ဂုဏ်ထူးဆောင်ဝန်ကြီး
ဂိုချောက်ထောင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တွေ့ဆုံခဲ့ပြီး
စင်္ကာပုမြန်မာသက်မွေးပညာသင်တန်းကျောင်း SMVTI တည်ထောင်မူဆိုင်ရာ နားလည်မှုစာချွန်လွှာကို ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးပွဲကို မနေ့ကကျင်းပခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ အသက်မွေးပညာသင်ကျောင်းကို မြန်မာနိုင်ငံဘက်က ငွေကြေးနဲ့ အုပ်ချုပ်မှုလုပ်ငန်းများကို တဖြည်းဖြည်းတိုးပြီး လက်ခံဆောင်ရွက်သွားဖို့ရှိပြီး စင်္ကာပူနိုင်ငံဘက်က နည်းပညာနဲ့ အုပ်ချုပ်မှုကျွမ်းကျင်ရေးအတွက် ဆက်ပြီးအကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုတွေအတွက် မြန်မာသမ္မတ ဦးထင်ကျော်ကေ ကျးဇူးတင်ရှိပြီး မြန်မာစင်္ကာပူတို့ရဲ့ မိတ်ဆွေရင်းခြာဆက်ဆံရေးကိုလည်း အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အခုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့ကျောင်းဟာ စင်္ကာပူပညာရေးဌာနက
တည်ထောင်ပေးခဲ့တဲ့ကျောင်းဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့
စင်္ကာပူအသက်မွေးမှုနည်းပညာကျောင်းပုံစံ ဖွင့်လစ်ခဲ့တာပါ။ ကျောင်းက
အောင်မြင်ပြီးဖြစ်တဲ့ သင်တန်းသား ၇၀၀ အနက်  ၆၆ ရာခိုင်နှုန်းဟာ ကျောင်းကဆင်းဆင်းခြင်းဆိုသလို အလုပ်ရရှိခဲ့ပြီး သင်တန်းသားတွေထဲက ထိပ်တန်းက အောင်မြင်ခဲ့သူ ၁ဝ ဦးဟာ လက်ရှိ စင်္ကာပူမှာ အလုပ်ရရှိခဲ့ပါတယ်။ ဒီကျောင်းကနေ ခရီးသွားလုပ်ငန်းဆိုင်ရာ၊ လျှပ်စစ်ကျွမ်းကျင်မှုနဲ့ လျှပ်စစ်ဆိုင်ရာစီမံခန့်ခွဲမှုများ အင်ဂျင်နီယာဝန်ဆောင်မူ လုပ်ငန်းများဆိုင်ရာစတဲ့ ဘာသာရပ်တွေကို
သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

Photo: Myanmar President Office FB

( စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့် ဝန်ကြီး မစ္စတာဂိုချောက်ထောင်နဲ့ သမ္မတ ဦးထင်ကျော် တို့ကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ မတ်လ ၁၅ ရက်နေ့ကကျင်းပတဲ့ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ တွေ့ရစဉ် )
RFA

No comments:

Post a Comment