Latest News

Thursday, March 23, 2017

တရုတ်ပြည် သွားမည့်သူများသတိပြုရန်

တရုတ်ပြည် သွားမည့်သူများသတိပြုရန်


နမ့်ခမ်းသူ နမ့်ခမ်း သားများအားလုံး တရုတ်ပြည် ရွှေလီ နောင်တောင်းဘက်တို့ ကိစ္စရှိသည် ဖြစ်စေ အရောင်းအဝယ်သွားသည်ဖြစ်စေ အလည်သွားသည်ဖြစ်စေ သတိထားပြီးသွားကြပါလို့ အားလုံးကိုတိုက်တွန်းပါတယ်။ဒီကနေ့ ကျွန်နော့် ဦးလေးတစ်ယောက် သူက ရွှေလီ သွားဖို့ စာအုပ် ကိုပါ တံဆိပ်ရိုက်သွားပါသေးတယ် ရိုက်ပြီးထွက်ခွာချိန် နောင်မတာရွာ အနီးလမ်းတဝိုက်တွင် တရုတ်ရဲများက သွားလာနေကြသောပြည်သူများ တား၍ စစ်ဆေးနေချိန်တွင် ဦးလေးကအဝေးကနေ လမ်းမြင်လိုက်ပါတယ် ဦးလေးရဲ့စိတ်ထဲမှာတော့ ရဲတွေက ထုံးစံအတိုင်း သူတို့ စာအုပ်နီ ပဲစစ်တာလို့စိတ်ထင်ရာ ဟိုနားရောက်သွားတော့ ဦးလေး ကို ဆိုင်ကယ်မှဆင်းခိုင်းတယ် ဦးလေး ကဆိုင်ကယ်မဆင်းပဲနဲ့ စာအုပ်နီထုတ်ပြပေးတော့ တရုတ်ရဲက သူ့ကိုပြန်ပြောတယ် စာအုပ်နီ ရှိလဲမရဘူးတဲ့ သူ့ကိုဆီးစစ်ခိုင်းမယ်လို့ပြောတော့ သူကဆီးစစ်မခံဘူး သေးလဲဘောက်လို့မထွက်ဘူး ပြောတော့ တရုက်ရဲက ချက်ချင်းသူ့ကို ကား ပေါ်ဆွဲခေါ်သွားတယ် ကား ပေါ်ရဲ့နောက်ဖုံးထဲ လူတွေပြည့်နက်နေတာပဲတဲ့ ကားထဲရောက်တော့ သူ့ဘေးကလူတွေမေးကြည့်တော့ မင်းတို့ကော ဘာဖြစ်လို့ဖမ်းတာလဲ မေးလိုက်တော့ ဘေးကလူတွေဖြေလာတာက ကျွန်နော်တို့က စာအုပ် လဲရှိတယ် တံဆိပ်လဲရိုက်ခဲ့သေးတယ် ဦးလေးတဲ့ ရဲတွေကအတင်းပဲ ဆီးစစ်ခိုင်းတယ် ဆီးစစ်တော့ယောက်တိုင်းက ဆေးပေါ်တယ်လို့အဖြေရတယ် နောက်တယောက်က ရဲတွေမေးတော့ ငါ့ကိုစစ်ထားတဲ့ဆေးစာပြပေး ငါဘာဆေးမှမသုံးခဲ့ဘူးလို့ သူကရဲကိုပြောတယ် ရဲကသူတို့ကိုပြန်ပြောမင်းတို့ဆေးစာတွေလွင့်ပြစ်လိုက်ပြီ အားကိုပါးစမ်ပိတ်ခိုင်းတယ် ကားထဲလူပြည့်တာနဲ့ ချက်ချင်း ကားမောင်းထွက်သွားတယ်လို့ ဦးလေးကပြောတယ် နောက်ကားထွက်သွားတော့ ဦးလေး ရွှေလီ ထဲကသိတဲ့ မိတ်ဆွေတွေ တယောက်ပြီးတယောက် ဖုန်းဆက်အကြာင်းကြားတာပေါ့ အဲ့လိုနဲ့ သူ့သူငယ်ချင်းတယောက်စီ ဆက်မိတော့ သူ့သူငယ်ချင်းက ရတယ် ငါကူညီမယ် ဦးလေး သူငယ်ချင်းလဲ သူခင်ထားတဲ့ ရဲအရာရှိတယောက်စီဖုန်းဆက်ပြီး ဦးလေး စီပြန်ဆက်လာမေးတယ် မင်းကိုသူတို့ဘယ်လမ်းကနေ တင်လာတာလဲ ခုမေးတော့ ဦးလေး ကနောင်တောင်းလမ်းကနေ ရွှေလီ တက်လာပြီခု ဆိုပြီး ရဲအရာရှိနဲ့ဦးလေးသူငယ်ချင်း သူတို့လာနေတဲ့လမ်းမှာ သွားစောင့်ပြီး ဦးလေး ကိုခေါ်လာခဲ့တာပေါ့ ကျန်တဲ့လူတွေကလည်း သူတို့အမျိုးတွေစီဖုန်းဆက်နေကြတယ်တဲ့ ဦးလေး ပြောတော့ ရဲတွေဖမ်းလာတဲ့လူတွေအားလုံး မြန်မာပြည်ကလူပဲ ဗမာကော အများစုကတော့ ရှမ်းတွေများတယ် အသက်အရွယ်တွေက 20 ကနေ ၄၀ ကျော်ထိတော့ရှိမယ်လို့ ၊ တရုတ်ရဲတွေက ယောင်္ကျားတွေကို ပစ်မှတ်ထားပြီး ဖမ်းတယ်လို့ ဦးလေး ကပြောပြတာပါ နောက် ဦးလေး ၏သူငယ်ချင်းတယောက် ပြန်ပြောပြတယ် အခုကစပြီး တရုတ်ပြည်မှာ မီးရထား လမ်းအသစ် ဖောက်လုပ်နေပြီ မီးရထာလမ်းလုပ်ရတာ အန္ဒာရာယ်လဲများတယ် ပြီးတော့ လုပ်အားခ လဲနဲ တရုတ်ပြည် ကလူတွေ မလုပ်ချင်ကြဘူးလေ အဲ့တာကြောင့် သူတို့ကမြန်မာပြည်ကလူတွေကို အပြစ်မရှိ အပြစ်ရှာပြီ အချုပ်ထဲထဲ့ ပြည်သူတွေရဲ့အမျိုးတွေလာတွေ့မယ့်အချိန် လာရွေးရှိရင် မင်းတို့ညီ/သားက ယာဘတွေဆေးခြောက်တွေ
သုံးတယ်ပြောပြီး အိမ်ကလူတွေပေးမတွေ့ဘူး နင်ထုတ်တယ် နောက့်နေ့တော့ထောင်ချ တစ်ချို့ဆို ၄/၅ လ တချို့ဆို ၁ နှစ်ထိပေါ့ နောက်ပိုင်းမီးရထားလုပ်တဲ့နေရာပို့တယ် ကယ်ငါတို့တရုတ်နယ်စပ်မှာနေနေကြပြည်သူတွေအားလုံး သတိထားပြီးသွားလာကြပါလို့ တိုက်တွန်းချင်ပါတယ်ခ……….ကျန်ရှိနေသူတွေအားလုံးလဲမြန်မြန်လွတ်ကင်းပါစေလို့ ဆုတောင်းပါ။
ဒီစာလေးဖတ်ပြီးသွားသူတိုင်း ရှဲ ပြီးကူညီကြပို့မမေ့နဲ့ !

Credit :မြန်မာပြည်ထိပ်တန်းသတင်းထူးများ

Search Myanmar

No comments:

Post a Comment