Latest News

Thursday, March 23, 2017

အကယ်ဒမီပေးပွဲမှာ သက်မွန်မြင့်ဆွဲကြိုး လူစိတ်ဝင်စားမှုများ

အကယ်ဒမီပေးပွဲမှာ သက်မွန်မြင့်ဆွဲကြိုး လူစိတ်ဝင်စားမှုများ

မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ သရုပ်ဆောင် အများအပြားကို စပွန်ဆာ ပေးခဲ့တဲ့ အောင်သမာဓိစိန်ရွှေရတနာဆိုင်ကို နှင်းဆီအငြိမ့်အဖွဲ့ဝင်တွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်းတို့ကိုင်ဆောင်ခဲ့တဲ့ ရွှေလက်ကိုင် အိတ်တွေနဲ့ သက်မွန်မြင့် ဝတ်ဆင်ခဲ့တဲ့ စိန်ဆွဲကြိုးကို စိတ်ဝင်စားမှုများပြားနေပြီး စုံစမ်းမေးမြန်းတာ တွေရှိနေတယ်လို့သိရပါ တယ်။

အောင်သမာဓိ စိန်ရွှေရတနာဆိုင်၊ ဒါရိုက်တာအဖွဲ့ဝင် မဖြူဖြူအောင်က ‘အရမ်းသဘောကျပြီး မေးလဲမေးနေကြတယ်၊ ယောကျာ်းလေးကိုင် အိတ်ကို ဒီဇိုင်းရှစ်မျိုးနဲ့ ရှစ်လုံးလုပ်ထားတယ်၊ လေးလုံးကယူချင်တဲ့ သူရှိတယ်၊ ယောကျာ်းလေးတွေက ရွှေသိပ်မဝတ်ကြဘူးလေ၊ အခုဒီဒီဇိုင်းလေးထုတ် လိုက်တဲ့အခါ မေးလာကြတယ်၊ စိတ်ဝင်စားလာကြတယ်၊ ရောင်းအားလဲ ကောင်းလာတယ်လို့ ပြောပါတယ်။

အကယ်ဒမီဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆုရရှိသွားတဲ့  ထွန်းထွန်း ကိုင်ဆောင်ထားတဲ့ ရွှေလက်ကိုင်အိတ်ရဲ့အရွယ်အစားဟာ I Phone 7 Plus ထက်အနည်းငယ်ကြီးတယ်။ ရွှေအလေးချိန် ၁၀ သားခန့်ရှိပြီး တန်းဖိုးအနေ နဲ့ကတော့ ကျပ်သိန်း ၉၀ ခန့်ရှိပါတယ်။

သက်မွန်မြင့် ဝတ်ဆင်ခဲ့တဲ့ စိန်ဘယက်ဒီဇိုင်းကို စိတ်ဝင်စားမှုများနေကြ ပါတယ်။  တန်ဖိုးကတော့ ကျပ်သိန်း၁၀ဝ၀ခန့်ရှိတယ်လို့ သိရပါတယ်။

အောင်သမာဓိ စိန်ရွှေရတနာဆိုင်အနေနဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  အကယ်ဒမီ ဆုပေးပွဲမှာ ရုပ်ရှင်အနုပညာရှင်ပေါင်း ၂၀ ခန့်ကို ကျပ်သိန်းပေါင်း ၁၀,ဝ၀ဝ ခန့် စပွန်ဆာပေးခဲ့ပါတယ်။Kumudra

No comments:

Post a Comment