Latest News

Thursday, March 16, 2017

သမ္မတဦးထင်ကျော် ကချင်ပြည်နယ်သို့ ပထမဆုံး သွားမည်

သမ္မတဦးထင်ကျော် ကချင်ပြည်နယ်သို့ ပထမဆုံး သွားမည်


 နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက် မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် မတ်လ ၁၇ ရက်တွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မချမ်းဘော မြို့နယ်ရှိ မလိခတံတား (မချမ်းဘော) ဖွင့်လှစ်ပွဲသို့ မတ်လ ၁၈ ရက်တွင် တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါခရီးစဉ်သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီး အကဲတစ်ဦးအနေဖြင့် ကချင်ပြည် နယ်သို့ ပထမဆုံးအကြိမ် သွား ရောက်သည့် ခရီးစဉ်ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခ သည်စခန်းများသို့ သွားရောက် ကြည့်ရှုရန် အစီအစဉ်ရှိ၊ မရှိ မသိရှိသေးကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော် တက်ရောက်ဖွင့်လှစ်မည့် မလိခတံတား (မချမ်းဘော)သည် တံတားအရှည် ပေ ၈၄၀ ရှိပြီး ကချင်ပြည်နယ်မြောက်ပိုင်းတွင် အရှည်ဆုံးတံတားဖြစ်ကာ ယင်း တံတားဖွင့်လှစ်သဖြင့် ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘အရင်တုန်းက ကားကြီး တွေသွားနိုင်တဲ့ တံတားမရှိဘူး။ ဒီတံတား ဖွင့်လိုက်တဲ့အတွက် မချမ်းဘောနဲ့ ဆက်စပ်နေတဲ့ မြို့နယ် သုံးမြို့နယ်ကိုလည်း ကုန်စည်တွေပို့လို့ရတယ်။ ပြည် သူတွေအတွက် အင်မတန်အကျိုး ရှိတဲ့ တံတားကြီးဖြစ်လိမ့်မယ် နော်’’ ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မလိခတံတား (မချမ်းဘော) ကို ၂၀၁၃ ဖေဖော်ဝါရီ ၅ ရက်က စတင်တည်ဆောက်ခဲ့ပြီး ဖွင့်လှစ် ချိန်တွင် တန် ၂၀ မှ တန် ၄၀ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ကြောင်း သတင်းရရှိသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင် ခရီးစဉ် မဖြစ်မြောက်ခဲ့ပေ။



7Day News Journal

No comments:

Post a Comment