Latest News

Friday, March 24, 2017

ထိုင်းတရားရုံးချုပ်က လိပ်ကျွန်းအမှု အယူခံပြင်ဆင်ချိန်ကို ၁ လထပ်တိုးခွင့်ပြု

ထိုင်းတရားရုံးချုပ်က လိပ်ကျွန်းအမှု အယူခံပြင်ဆင်ချိန်ကို ၁ လထပ်တိုးခွင့်ပြု

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ ပြင်ဆင်ချိန်ကို ထိုင်းနိုင်ငံ တရားရုံးချုပ်က မနေ့က တစ်လ ထပ်တိုးပြီး ခွင့်ပြုပေးလိုက်ပါတယ်။

ထိုင်းတရားရုံးချုပ်က အယူခံတင်ဖို့ ပြင်ဆင်ချိန်ကို ဧပြီလ ၂၃ ရက်နေ့အထိ တိုးမြှင့်ပေးလိုက်တာဖြစ်ပြီး လာမယ့် အယူခံမှာ မြန်မာနိုင်ငံသားနှစ်ယောက် အပြစ်မရှိကြောင်း သက်သေပြနိုင်မယ့် အချက်အလက်အသစ်တွေကိုပါ ရှာဖွေပြီး တင်ပြသွားမယ်လို့ ဦးအောင်မျိုးသန့် က ပြောပါတယ်။

"ကျနော်တို့က အခုချိန်မှာတော့ အဆင့်မြင့်ဆုံးတရားရုံးကိုပဲ အယူခံတက်ဖို့ ဆောင်ရွက်နေပါတယ် ခင်ဗျ။ နိုင်ငံတော်က ပံ့ပိုးပေးတဲ့ ဥပဒေအရာရှိတွေ ဘာတွေလာပြီးတော့ ဆွေးနွေးဖို့ လုပ်နေပါတယ်။ ထိုင်းရှေ့နေများကောင်စီနဲ့ သံရုံးနဲ့ ပေါင်းပြီးတော့ အကောင်းဆုံးအချက်တွေကို အဓိကရွေးချယ် ပြီးတော့ အယူခံရေးမှာပါ။ အချက်လက်သစ်တွေကို ရှာပြီးတော့ထည့်သွားဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့က ၁ လဆိုတာ ၂၃ ရက် ၄ လအထိ ရထားပါတယ်။ တကယ်လို့များ ကျွန်တော်တို့ က နှစ်နိုင်ငံဖက်က ထိုင်းရှေ့နေများကောင်စီတို့ ညှိနှိုင်းမှု မပြီးဆုံးသေးဘူးဆိုရင်လည်း နောက်တစ်လ ထပ်တောင်းဦးမှာပါ"

လိပ်ကျွန်းအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရဘက်က စေလွှတ်လိုက်တဲ့ ဥပဒေအရာရှိတွေနဲ့ လိပ်ကျွန်း စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့ ဒီလမကုန်ခင်အတွင်း တွေ့ဆုံဆွေးနွေးသွားမယ် လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းကို အလည်အပတ်လာတဲ့ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ပတ် သက်ပြီး မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို  ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး အယူခံတင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အယူခံကို တရားရုံးက ပယ်ချလိုက်ပြီး မူလအမိန့်အတိုင်း သေဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကြောင့် ထိုင်းနိုင်ငံ တရားရုံးချုပ်ကို အယူခံဆက်တင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး အခုအယူခံဟာ ထိုင်းနိုင်ငံ ဥပဒေအရ နောက်ဆုံးအယူခံ ဖြစ်ပါတယ်။

Photo : Aung Thain Kha/RFA

No comments:

Post a Comment