Latest News

Friday, March 24, 2017

အမေရိကန်သံရုံးကားတစ်စီးမှ ဗုံးအချက်ပေးသံ ထွက်ပေါ်လာ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရ

အမေရိကန်သံရုံးကားတစ်စီးမှ ဗုံးအချက်ပေးသံ ထွက်ပေါ်လာ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရ

ရန်ကုန်မြို့ အမေရိကန်သံရုံးအတွင်းသို့ ၀င်ရောက်လာသည့်ကားကို စစ်ဆေးရာမှ ဗုံးအချက်ပေးသံပေါ်ထွက်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရဲတပ်ဖွဲ့ မှ ဗုံးရှင်းလင်းရေးအဖွဲ့ က သွားရောက် ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(မတ်လ၂၃ရက်) ည၈နာရီကျော်တွင် ရန်ကုန်လေဆိပ်မှပြန်လာသည့် အမေရိကန်သံရုံးကား သံရုံးအတွင်းသို့ ပြန်လာစဉ် ပုံမှန်စစ်ဆေးမှုဖြစ်သည့် ဗုံးစစ်ဆေးရှာဖွေရာမှ အချက်ပေးအသံထွက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိကြီးတစ်ဦး က ပြောသည်။

"ကားက သံရုံးကကားပါဘဲ အပြင်ကကား မဟုတ်ပါဘူး။ ကားကိုမိုင်းရှာခွေးတွေနဲ့ အရင်ရှာတယ်။တိုင်းစစ်ဌာနချုပ်က မိုင်းရှာတဲ့အဖွဲ့တွေလည်းပါတယ်။ကားဘီးနောက်ပိုင်းကပန်ကာတစ်ခုမှာယမ်းနံ့ပေလို့ အသံမြည်တာပါ။ ဘယ်ကနေပေလဲဆိုတာတော့ မသိပါဘူး"ဟု ၄င်းရဲအရာရှိကပြောသည်။

ဗုံးအချက်ပေးသံထွက်ပေါ်လာသည့်အတွက် တိုင်းစစ်ဌာနချုပ်မှမိုင်းရှာခွေးတစ်ကောင်နှင့် ရဲတပ်ဖွဲ့မှ မိုင်းရှာခွေးနှစ်ကောင်ဖြင့် ရှာဖွေရာမှယမ်းအနံကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရေးတွင် ပါဝင်သူ အရာ၇ှိတစ်ဦးကပြောသည်။

"အသံထွက်လာတော့ သံရုံးကသူတွေလည်း အနည်းငယ်တော့လန့်တာပေါ့။ဗုံးပြုလုပ်ရာမှာ တစ်ခုပါတဲ့ယမ်းအမှုန့်က ကားနောက်ဘီးကပန်ကာမှာ လာကပ်နေတာပါ။ သူတို့လုံခြုံရေးစနစ်က အရမ်းကောင်း တော့ အသံတွေမြည်တာပါ။ ဘာမှတော့ထူးထူးခြားခြားမဖြစ်ခဲ့ပါဘူး"ဟု ၄င်းအရာ၇ှိကပြောသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ အမေရိကန်သံရုံးကို 7day daily သတင်းစာမှဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ဖြေကြားနိုင်သူကို ထပ်မံချိတ်ဆက် ပေးခဲ့သော်လည်း ဖုန်းကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

7Day News Journal

No comments:

Post a Comment