Latest News

Friday, March 24, 2017

ကာချုပ်ဟောင်းတက်ခဲ့ ကျောင်း ကိုပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည်

ကာချုပ်ဟောင်းတက်ခဲ့ ကျောင်း ကိုပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည်

မိမိငယ်စဉ်က တက်ခဲ့ ဘူးသော ပုသိမ် အ.ထ.က (၂) ကျောင်းကို ပြင်ဆင်ဖို့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးကပြောသည်။

ဒီကျောင်းကိုပြုပြင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာန ပုဂ္ဂိုလ်တွေကိုပြောမယ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆောင်ရွက်ခြင်တဲ့ အကြောင်းကျွန်တော်ပြောပါ့မယ် လို့  ၄င်းကပြောသည်။

မတ်လ(၂၄)ရက်နေ့ ကပြုလုပ်သည့် အ.ထ.က(၂) ဆေးခန်းနှင့် ရုံးအဆောက်အဦးဖွင့်ပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

မိမိတက်ခဲ့ တဲ့  ကျောင်းကို ဆီသမ္မတဟောင်း ဦးသိန်းစိန် ကျောင်းကဲ့ သို့  မပြင်ဆင်နိုင်လို့  များစွာစိတ်မကောင်းဖြစ်နေရတယ်လို့ လည်း ဦးတင်ဦးက ထည့် သွင်းပြောဆိုခဲ့ သည်။
သမ္မတဟောင်းဦးသိန်းစိန်သည် အ.ထ.က (၁)ကျောင်းသားယောင်းတစ်ဦးဖြစ်ပြီး ၄င်းငယ်စဉ်ကတက်ခဲ့ သည့်ကျောင်းကို လုပ်ငန်းရှင်များက ငွေကျပ် သိန်းငါးထောင်ခန့် အကုန်ကျခံကာပြင်ဆင်ပေးခဲ့ မှုများရှိခဲ့ သည်။

ကာကွယ်ရေးဦးစီးချုပ်ယောင်း ဦးတင်ဦးသည် ပုသိမ် မြို့  အမှတ် (၂)အထက်တန်းကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဥိးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏နာယက တစ်ဦးဖြစ်သည်။

ဦးတင်ဦး၏ အနစ်နာခံမှု ပေးဆပ်မှုများကိုဒေါ်အောင်ဆန်း စုကြည်က ပြည်သူလူထုကိုမကြာခဏထုတ်ဖော်ပြောကြားလေ့ ရှိသည်။

မျိုးမင်းပိုင်( တိုင်းဧရာ )

 

No comments:

Post a Comment