Latest News

Tuesday, March 7, 2017

အရှိန်မထိန်းနိုင်သောဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ

အရှိန်မထိန်းနိုင်သောဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ

နေပြည်တော်၊ မတ် ၇

၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒေးဒရဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ အဆိုပါလမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ အမှတ်(၂)ရပ်ကွက်နေ အာကာဆက်နိုင် (၁၇)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဟိန်းပြည့်ဇော်(၁၉)နှစ်လိုက်ပါလာသည့် Canda-125 အနက်ရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ အမှတ်(၃)ရပ်ကွက်နေ အောင်ဝင်းခိုင်(၃၈)နှစ် မောင်းနှင်လာသော ၃၂ယ/×××× Turbo Star-110 အနက်ရောင်ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး အာကာဆက်နိုင်နှင့် အောင်ဝင်းခိုင် တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးအား ဒေးဒရဲမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment