Latest News

Tuesday, March 7, 2017

ဆီဆိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဆီဆိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၇

မတ်လ ၆ ရက်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ဟိုတိကျေးရွာအနီး၊ ဟိုပုံး-ဆီဆိုင် ကားလမ်းပေါ်တွင် အိုက်ကျော် မောင်းနှင်ပြီး ကျော်စိန်နှင့် စိုင်းအောင်ဆင့် တို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆,၀၀၀ ပြား၊ ပွိုင့် 22 ပစ္စတိုသေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ၎င်းကျည် ၆ တောင့်၊ M-22 မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်၊ ကျည်ဘောက်အရှည် တစ်ခု၊ ၎င်းကျည် ၂၀ တောင့်၊ ၉ လုံးကျည်ဖြင့် ပစ်ခတ်ရသည့် ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ 91 အမျိုးအစား လက်ပစ်ဗုံး တစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် အိုက်ကျော်(၂၅)နှစ်၊ ကျော်စိန်(၃၀)နှစ်နှင့် စိုင်းအောင်ဆင့်(၃၀)နှစ်တို့ (၃)ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment