Latest News

Tuesday, March 7, 2017

လူသတ်မှုအတွက် အလိုရှိနေတဲ့ မြောက်ကိုရီးယား ၂ ဦး သံရုံးမှာ ပုန်းနေတယ်လို့ ဆို

လူသတ်မှုအတွက် အလိုရှိနေတဲ့ မြောက်ကိုရီးယား ၂ ဦး သံရုံးမှာ ပုန်းနေတယ်လို့
ဆို

ပီနန်၊ မတ် ၇။ ။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့အစ်ကို ကင်ဂျုံနမ်းကို သတ်မှုနဲ့ ဆက်နွယ်ပြီး စုံစမ်းမေးမြန်းလိုတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၂ ဦးဟာ ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးမှာ ပုန်းနေတယ်လို့ မလေးရှားရဲချုပ်က အင်္ဂါနေ့က ပြောပါတယ်။ “သံရုံး သူတို့ ဘယ်လောက်ကြာကြာ ပုန်းနိုင်မှာလဲ။ အနှေးနဲ့အမြန် သူတို့ ထွက်လာရမှာပဲ” လို့ ရဲချုပ် ခါလီအဘူဘေကာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ကျွန်တော်တို့က သံရုံးအဆောက်အအုံကို ၀င်မစီးပါဘူး။ သူတို့ထွက်လာအောင် စောင့်မှာပါ။ ကျွန်တော်တို့မှာ အချိန်ရှိပါတယ်” လို့ ခါလစ်က ပြောပါတယ်။

ရဲတွေဟာ ကွာလာလမ်ပူမြို့ မြောက်ကိုရီးယားသံရုံးဘေးပတ်လည်ကို ၀ိုင်းရံထားပါတယ်။ ခါလစ်က မြောက်ကိုရီးယားအာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုထဲ ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း ပြောပါတယ်။ ကင်ဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က VX အာရုံကြောအဆိပ်တစ်မျိုးနဲ့ လုပ်ကြံခံရပြီး ကုလသမဂ္ဂက ဒီလက်နက်ကို လူအမြောက်အများသေစေတဲ့လက်နက်အဖြစ် သတ်မှတ်ထားပါတယ်။ သံရုံးမှာပုန်းနေတယ်ဆိုတဲ့ သံသယရှိသူတွေအပြင် လူသတ်မှုဖြစ်ပြီးနောက်ပိုင်း မလေးရှားကနေ ထွက်သွားတယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံသား နောက်ထပ် ၄ ဦးရှိတယ်လို့လည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဖမ်းမိတဲ့ တစ်ဦးတည်းသော မြောက်ကိုရီးယားသံသယရှိသူကိုလည်း သောကြာနေ့က သက်သေမခိုင်လုံမှုကြောင့် လွှတ်ပေးခဲ့ရပါတယ်။ မြောက်ကိုရီးယားက သေဆုံးသူဟာ ခေါင်းဆောင်ကင်ဂျုံအန်းရဲ့အစ်ကိုဖြစ်ကြောင်း လက်မခံဘဲ သေဆုံးသူဟာ နှလုံးရောဂါနဲ့သေဆုံးတယ်လို့သာ ဆိုပါတယ်။

အလောင်းပိုင်ရှင်မထွက်ပေါ်လာပေမယ့် မလေးရှားရဲချုပ်က အသတ်ခံရသူကို တရားဝင်အမည်နာမတပ်ဖို့ DNA နမူနာတွေ ရယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

စုပြည့်စုံ

Ref: CNA, Mar 7th

Kumudra

No comments:

Post a Comment