Latest News

Tuesday, March 7, 2017

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလီ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလီ



နစ်ကီဟာလီသည် အမေရိ ကန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိကုလသမဂ္ဂဆိုင်ရာ အမေ ရိကန်သံအမတ်ကြီးဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၇ အထိ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ် ရေးမှူးတာဝန်ယူခဲ့ပြီး
ယင်းမတိုင်မီ ၂၀၀၅ မှ ၂၀၁၁ အထိ တောင်ကယ်ရိုလိုင်းနား လွှတ်တော်အမတ်ဖြစ်သည်။

ဟာလီကို ၁၉၇၂ ဇန်န၀ါရီ ၂၀ ရက်က အိန္ဒိယနွယ်ဖွား ဆင်းမိသားစုမှ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဖခင် အာဂျစ်ဆင်းက ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ ပညာတော်သင်ဆုရပြီးနောက် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ ကာ ၁၉၆၉ တွင် ဒေါက်တာဘွဲ့ ရရှိချိန်၌ မိသားစုမှာ တောင်ကယ်ရိုလိုင်း နားပြည်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ မိခင်ရက်ကွာသည် ပညာရေးမဟာဘွဲ့ရရှိပြီး
တောင်ကယ်ရိုလိုင်းနားအစိုးရကျောင်းများတွင်ဆရာမလုပ်ခဲ့ကာ နောက်ပိုင်း၌ Exotica International အ၀တ်အထည်ကုမ္ပဏီကို ထူထောင်ခဲ့ သည်။

နစ်ကီဟာလီသည် အသက် (၁၂)နှစ်အရွယ်တွင် မိခင်၏ လုပ်ငန်း၌ ပါဝင်ကူညီရင်း စာရင်းအင်းများ စိတ်ဝင်စားခဲ့ကာ Clemsonတက္ကသိုလ်မှ စာရင်းအင်းပညာဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

ကျောင်းပြီးသောအခါ အခြားကုမ္ပဏီတစ်ခုတွင် သွားရောက် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းတွင် မိခင်ကုမ္ပဏီသို့ ပြန်ရောက်လာ ကာ ၁၉၉၄ တွင် ဘဏ္ဍာရေးအ ရာရှိချုပ်ဖြစ်လာသည်။ ၂၀၀၆ တွင် အမျိုးသမီးစီးပွားရေးပိုင်ရှင်များ
အဖွဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်၏ ဥက္ကဋ္ဌဖြစ်လာသည်။

နစ်ကီဟာလီသည် ၂၀၀၄ တွင် လက်ဆန်တန်စီရင်စုကိုယ် စားပြု လွှတ်တော်အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိ ကာ ၂၀၀၆ နှင့် ၂၀၀၈ ပြည်နယ် အမတ်ရွေးကောက်ပွဲများ၌  ထပ်မံအနိုင်ရရှိခဲ့သည်။ ၂၀၀၉ တွင် လက်ရှိပြည်နယ်အုပ်ချုပ်ရေးမှူး မာ့ခ်ဆန်းဖို့ဒ်၏ တိုက်တွန်းအားပေးမှုဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနေ ရာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမေရိကန် သမိုင်း၌ ဆင်းလူမျိုးတစ်ဦး၏ ပထမဆုံးပြည်နယ် အုပ်ချုပ်ရေးမှူးနေရာ အနိုင်ရသူ
ဖြစ်လာသည်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် ၏ ပထမဆုံးအမျိုးသမီး အုပ်ချုပ် ရေးမှူးလည်းဖြစ်သည်။

နစ်ကီဟာလီသည် ၂၀၁၄ နို ၀င်ဘာ ၄ ရက်တွင် ပြည်နယ်အုပ် ချုပ်ရေးမှူးအဖြစ် ဒုတိယအကြိမ်   ထပ်မံရွေးချယ်ခံရသည်။ အုပ် ချုပ်ရေးမှူးသက်တမ်းသည် ၂၀၁၉ ဇန်န၀ါရီအထိ ရှိသေးသော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်တာဝန်ရယူရန် ၂၀၁၇ ဇန်န၀ါရီ ၂၄ ရက်တွင် ယင်းရာ ထူးမှ နုတ်ထွက်ခဲ့သည်။ ယင်းနေ့ ၌ ကန်အထက်လွှတ်တော်က ၉၆ မဲ-၄ မဲဖြင့် နစ်ကီဟာလီအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး
အဖြစ် အတည်ပြုခဲ့သည်။

နစ်ကီဟာလီသည် တောင် ကယ်ရိုလိုင်းနားအမျိုးသားကာ ကွယ်ရေးတပ်မှ အရာရှိခင်ပွန်း မိုက်ကယ်ဟာလီနှင့် သားသမီး နှစ်ဦးထွန်းကားထားသည်။

—Ref:Wikipedia

7Day News Journal

No comments:

Post a Comment