Latest News

Tuesday, March 7, 2017

ကျော်သူနှင့်တွေ့ဆုံခြင်း

ကျော်သူနှင့်တွေ့ဆုံခြင်း

---

‘‘ပရိသတ်ပေးတဲ့ဆုတော့ ရပြီးသား။ရုပ်ရှင်အကယ်ဒမီဘုတ်အဖွဲ့ပေးတဲ့ဆုပဲကျန်တာ။ပေးရင်လည်းယူမယ်၊ မပေးရင်လည်း မယူဘူး’’



တောင်သူလယ်သမား နင်းပြား များ၏ ဘဝကို ပုံဖော်ရိုက်ကူးထား သည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားတွင် ငဘအဖြစ် ပါဝင်သရုပ်ဆောင် သည့် ကျော်သူကို ဇာတ်ရုပ်ပီပြင် စွာ သရုပ်ဆောင်နိုင်သောကြောင့် ရုပ်ရှင်ကြည့်ပရိသတ်
များက ချီး ကျူးကြသည်။ မကြာမီ ကျင်းပတော့မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အမျိုးသား ဇာတ် ဆောင်ဆု   ရရှိနိုင်သည်ဟု ထင်ကြေးပေးခန့်မှန်းနေသောကြောင့် ငဘအဖြစ် ပီပြင်ခဲ့သည့် ကျော်သူကို အကယ်ဒမီ ရင်ခုန်သံနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါ သည်။

မတ်လ ၁၈ ရက်ဆိုရင် အကယ်ဒမီ ပေးပွဲလည်း ကျင်းပတော့မှာဆို တော့ အကယ်ဒမီအပေါ် ဦးကျော် သူရဲ့ အမြင်လေးပြောပြပေးပါ လား။

အကယ်ဒမီက ကျွန်တော်တို့ ကတော့ ဟိုးကတည်းက ကြုံတွေ့ ခဲ့တော့ ရင်လည်းမခုန်တော့ဘူး။ သိပ်ပြီး ထူးခြားမှုလည်း မရှိဘူးလို့ မြင်တယ်။ ဒီနှစ်တော့ ဘယ်လိုဖြစ်မလဲမသိဘူးပေါ့လေ။ ကျွန်တော်တို့ ကြုံဖူးတာက ကျွန်တော်တို့ကို ခေါ်ပြီး အရှက်ခွဲခံရတာမျိုးတွေ ဖြစ်ခဲ့တာကိုး။ တစ်ပြေးနေတဲ့ဟာ နာမည်ကြေညာတော့ ကိုကျော်ဆို ပြီး ဆွဲထားတယ်။ မီဒီယာတွေက ကျွန်တော့်ကို ဓာတ်ပုံဝိုင်းရိုက်။ နောက်ကျတော့မှ ဟိန်းဆိုပြီး လုပ်လိုက်တယ်။နောက်ဆရာဝန်ကာ ရိုက်တာလုပ်ပြီး အပေါ်အင်္ကျီ ကြယ်သီးမတပ်လို့ဆိုပြီး မပေး တာ။ ‘မူပိုင်ချစ်သူ’တို့ဘာတို့၊ ‘မူပိုင်ချစ်သူ’မှာ မဆင့်ရတဲ့အခန်း တွေဆိုရင် ကျွန်တော့်အကောင်း ဆုံးအခန်းတွေ ဖြစ်နေတယ်။ အဲဒီ လိုမျိုးပေါ့လေ။ အဲဒါကြောင့် မခံ စားရတော့ဘူး။ ပြီးတော့ မြန်မာ ရုပ်ရှင်အကယ်ဒမီက ဘယ်လိုပုံစံ နဲ့ပေးတာဆိုတာလည်း သိတာ မဟုတ်ဘူး။ ကျွန်တော်မရိုက်ရတဲ့ အချိန်၊ စက်တင်ဘာ သံဃာ့အ ရေးအခင်းကြောင့် အပိတ်ခံလိုက် ရတဲ့အချိန်မှာ အကယ်ဒမီဘုတ်အ ဖွဲ့ထဲမှာ ပါပေးပါဆိုပြီး ကမ်းလှမ်း တယ်။ အဲဒီတော့ ကျွန်တော်က ပြောလိုက်တယ်။ မလုပ်နိုင်ဘူး။ အချိန်လည်း မပေးနိုင်ဘူး။ အကြံ ပဲပေးနိုင်တယ်ဆိုပြီး မြန်မာရုပ်ရှင် အကယ်ဒမီကို မြန်မာတွေမကြည့် ပါနဲ့၊ မြန်မာတွေ မဲမပေးပါနဲ့။ ဒါပဲ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆို တော့ ပြည်ပပညာရှင်တွေကို ကြည့်ခိုင်းတယ်ဆိုရင် ပြည်ပ ပညာရှင်တွေက ကျော်သူလား၊ရန်အောင်လား၊ စိုးသူလား
ဆိုတာ မသိဘူး။ အက်တင်ကောင်းတဲ့သူကို ပေးမှာပဲ။ အဲဒီလိုလုပ်ခြင်းအား ဖြင့် မြန်မာနိုင်ငံက ရုပ်ရှင်သရုပ် ဆောင်တွေရဲ့ အရည်အသွေးကို လည်း သူတို့သိသွားမယ်။ မြန်မာ နိုင်ငံရဲ့ ရှုခင်းရှုကွက်တွေတွေ့ သွားမယ်။
မြန်မာပြည်ကို ရိုက်ဖို့ လာကမ်းလှမ်းတာမျိုးတွေ ဆက် သွယ်လာမယ်။ တစ်ချက်ခုတ်နှစ် ချက်ပြတ်အနေနဲ့ လုပ်သင့်တယ် လို့ အကြံပြုတယ်။ ဒါပေမဲ့ မလုပ် ဘူး။ မလုပ်တော့ ကျွန်တော်လည်း မပြောတော့ဘူး။ ရုပ်ရှင်အကယ် ဒမီကို မြန်မာပညာရှင်တွေပဲပေး ပေး၊ ဘယ်သူပဲပေးပေး ပွဲပြီးရင်တော့ အမြဲတမ်းအပြောခံနေရမှာပဲ။

အခုနောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင် အနုပညာရှင်တွေပဲ အကယ်ဒမီ ကို အကဲဖြတ်ပေမယ့် ဝေဖန်မှု တွေရှိနေတာက ရွေးချယ်ရေးပိုင်း မှာ ဘယ်လိုအားနည်းချက်တွေရှိ နေတယ်လို့ထင်ပါလဲ။

အဲဒါက အော်စကာဆုနဲ့ယှဉ် ကြည့်လေ။ အော်စကာဆုကျ တော့ ဘာဖြစ်လို့ ဒီလိုအသံမထွက် သလဲ။ အော်စကာကျတော့ ဆန် ခါတင်ကား၊ သရုပ်ဆောင်ဆုဆို ရင် မင်းသားဆုတွေ ဘယ်နှကား လုပ်ထားလဲ။ နှစ်ကားဆို
နှစ်ကားသုံးဦးဆို သုံးဦး၊ တစ်ခါတည်း တရားဝင်ပြတယ်။ ဒီကားက ဒီလို ရိုက်ကွက်တွေရှိတယ်။ ဒီနှစ်ကား ထဲက ဘယ်သူ့ကို အကယ်ဒမီ ဘာ ကြောင့် ရွေးတယ်ဆိုတာ တစ်ခါတည်း အဖြေပါထုတ်ပေးတယ်။ ပြီးတော့ အကယ်ဒမီဆုရတဲ့ သရုပ်ဆောင်တစ်ယောက်က ဥပမာ အော်စကာဆုပေးပွဲကို မတက်နိုင် ရင် ဒီ့ပြင်နိုင်ငံကို ရောက်နေတယ်။ ရုပ်ရှင်ရိုက်တာပဲဖြစ်ဖြစ်၊ Per-sonal ကိစ္စဖြစ်ဖြစ် သွားလုပ်နေ တာကို ဆုရရင် အဲဒီမင်းသား
ရှိတဲ့ နေရာအထိ လိုက်ပေးတယ်။ အော်စကာဆုရဲ့ တန်ဖိုးက လူတွေယုံ ကြည်တယ်။ ပြည်သူလူထုက ယုံ ကြည်တယ်။ တန်ဖိုးမြှင့်တင်ရာ လည်း ရောက်တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အကယ်ဒမီက ဟိုကောင် မလာဘူးဆို ရတယ်နောက်တစ် ယောက် အစားထိုးပေးလိုက်။ ဒါ မျိုး ပွဲခင်းထဲမှာတင် အဆုံးအဖြတ် တွေ ပေးနေတာက တော်တော် လေး ရုပ်ဆိုးတာတွေဖြစ်တာပေါ့။

ရုပ်ရှင်လောကသား တော်တော် များများက အကယ်ဒမီဆိုတာ နတ်ကြီးတယ်လို့ ခံယူထားကြ တယ်။ ဦးကျော်သူရဲ့ ခံယူချက် ကကော ဘယ်လိုရှိပါလဲ။

နတ်ကြီးတာမဟုတ်ပါဘူး။ အခုတော့ မပြောတတ်ဘူး။ အရင် တုန်းကတော့ အပေးကောင်းရင်၊ အဖားကောင်းရင် ရတယ်။ ဒါမျိုး ဖြစ်နေတာ။ မနှစ်ကဆိုရင် ရုပ်ရှင် လောကသားကပဲပေးတာပဲ။ ပြီး တော့ ပွဲဆူသွားတာပဲ။ ကိုခင်လှိုင် ကိစ္စတို့ ဒါမျိုးတွေ မရတာတွေက သက်သက်ခေါ်ပြီး အရှက်ခွဲတဲ့အ နေအထားမျိုးတွေ  ဖြစ်တော့ မကောင်းဘူး။

အခုနှစ်လည်း ဦးကျော်သူကို ‘ငဘ’ဇာတ်ကားနဲ့ အကယ်ဒမီမှန်းပေး နေကြတာဆိုတော့ အကယ်ဒမီ ပေးပွဲတက်ဖို့ အစီအစဉ်ရှိမလား။ နောက်ပြီး နှစ်တော်တော်ကြာမှ ပြန်ရိုက်တာကို အခုလိုတစ်ကြို ပေးတဲ့အပေါ်မှာ ဘယ်လိုခံစားရ ပါလဲ။

အနုပညာရှင်တွေအတွက် ဆုကတော့ သူ့ရဲ့အားဆေးလည်း ဖြစ်တယ်။ သို့သော် ဒီလိုဆုရမှ ဖြစ်တာတော့ မဟုတ်ဘူး။ ပြည်သူ လူထုကို အကျိုးပြုနိုင်ဖို့ကိုပဲ အဓိ ကထားတယ်။ ကျွန်တော် ပြန်ရိုက် တဲ့ကားတွေကို ဘယ်ကားမဆို မက်ဆေ့ခ်ျတစ်ခုပေးမယ့်ကား၊ အဲဒါတွေပါတယ်။ ဒါမျိုးပဲ အဓိက ထားရိုက်တော့တယ်။ အကယ်ဒမီ ဆုရအောင် ရိုက်တာလည်းမဟုတ် ဘူး။ ပြည်သူလူထုကို ဘယ်လိုအ ကျိုးပြုမယ်၊ အကျိုးရှိမယ့်ဟာကို ပဲ အဓိကထား၊ ဇာတ်ကောင် စရိုက်ကို အပီပြင်ဆုံးလုပ်ပြီး ရိုက် ရတာ။ ဆုရအောင်ဆိုပြီး လုပ်တာ တော့မရှိဘူး။ ဒီနှစ်က ခရီးသွားဖို့ လည်း ရှိတယ်။ ပွဲတက်ဖို့ သိပ် မသေချာဘူး။

ရုပ်ရှင်လောကက အနားယူနေတဲ့ အချိန်မှာ ထောက်ပြတာတွေ လုပ် ခဲ့တာဆိုတော့ ကိုယ်တကယ်ပြန် ရိုက်တဲ့အချိန်မှာကော ရုပ်ရှင် လောကအပေါ် ဘယ်လိုသုံးသပ် ဖြစ်လဲ။

ရုပ်ရှင်ပြန်ရိုက်တဲ့အချိန်မှာ ဘယ်လိုသုံးသပ်လဲဆိုတော့ ငါတို့ တုန်းက လေးလေးနက်နက်ရိုက် ကြတယ်။ အခုနောက်ပိုင်း ရိုက် တာက များသောအားဖြင့် သိပ် လေးနက်မှုမရှိတော့ဘူး။ ပေါ့ပေါ့ ပဲ။ ဗီဒီယိုကားရိုက်သလိုပဲ ရိုက်နေ ကြတယ်။ ကျွန်တော်အရင်တုန်း က ရိုက်နေတုန်းက ရုပ်ရှင်ကင် မရာကြီးတွေ၊ မီးလုံးကြီးတွေ အ လေးကြီးတွေ မရတယ်။ အခုပြန် ရိုက်တဲ့အချိန်ကျတော့ ဒစ်ဂျစ် တယ်ကင်မရာပေါ်လာတယ်။ မီး လုံးတွေဆိုလည်း အင်မတန်
ပေါ့ ပါးတဲ့ပစ္စည်းတွေဖြစ်လာတယ်။ အဲဒီတော့ စက်နဲ့ ပစ္စည်းတွေက ပေါ့ပါးသလို ရိုက်တဲ့ကင်မရာမန်း နဲ့ စက်အဖွဲ့သားတွေက ပေါ့ပေါ့ ပါးပါးလုပ်လို့မရဘူး။ လေးလေး နက်နက် ပိုလုပ်ရမယ်။ ကိုယ်သုံး တဲ့ပစ္စည်းတွေ
ပေါ့ပါးပေမယ့်ကိုယ်က လေးလေးနက်နက်ကြိုး စားဖို့ လိုတယ်။ တချို့ရိုက်ကွင်း တွေမှာ Lighting မကောင်းဘူး။ အသံမကောင်းဘူးရတယ်၊ ကိစ္စ မရှိဘူး။ ဒီအတိုင်းပဲရိုက်သွား Editing ကျလုပ်မယ်။ ဒီဟာတွေက မဖြစ်သင့်ဘူး။ ကိုယ်က ဘယ် ဟာပဲရိုက်ရိုက် ရိုက်ကွင်းရိုက်ကွက် ကို Prefect ဖြစ်အောင်ရိုက်ထားမှ Edit ကျရင် ပိုပြီးကောင်းလာမှာ။

ရှစ်နှစ်ကျော်လောက်နားပြီးမှ ဇာတ်ကားတွေပြန်ရိုက်တယ်၊ အခုအချိန်မှာ အသက်အရွယ် လည်းရလာပြီဆိုတော့ ပရိသတ် ကို ဘယ်လိုအနုပညာရသပေးချင် တာတွေရှိပါလဲ။

ပြန်ရိုက်တဲ့အချိန်မှာ ဘာကို ချိန်လဲဆိုတော့ ဘဘဦးသုခကို ချိန်လိုက်တယ်။ ဘဘဦးသုခက အနုပညာရှင်လည်း အနုပညာရှင်။ပရဟိတလည်း ပရဟိတ။ ဘာ သာရေးလည်း ဘာသာရေး။ သရုပ်ဖော်တဲ့ကားတွေ ပြန်ကြည့်ရင် မိဘသရုပ်ဖော်တို့၊ ဘာသာရေးသရုပ်ဖော်တာတို့ ပြီးတော့ အသုံး လုံး။ ‘ဘယ်သူပြိုင်လို့လှပါတော့ နိုင်’တို့။ အဲဒီလိုကားတွေ ရိုက်ခဲ့ တယ်။ ဒါတွေက ပြည်သူလူထု ကြည့်တဲ့အချိန်မှာ အကျိုးရှိမယ့် ကားမျိုးတွေ။ ဒီလိုပဲ ခံယူပြီး ဇာတ် ရွေးတာကအစ ရိုက်ရင်လည်း ကာရိုက်တာ ပီပြင်အောင် အဓိကထား ပါတယ်။ ဇာတ်ရွေးရမယ်၊ ဒါရိုက် တာလည်း ရွေးရမယ်။ ပါဝင်တဲ့ ထုတ်လုပ်သူကိုလည်း ကြည့်ရ မယ်။ ဒါရိုက်တာ ဘယ်လောက် ကောင်းကောင်း ထုတ်လုပ်သူက ကပ်စေးနှဲနေရင် ကားက ကောင်း မှာမဟုတ်ဘူး။ ဘက်စုံတော့ ကြည့်ရမှာပဲ။

‘ငဘ’နဲ့ အကယ်ဒမီမှန်းပေးကြတဲ့ ပရိသတ်တွေကိုကော ဘာများ ထပ်ပြောချင်တာရှိမလဲ။

‘ငဘ’နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က အကောင်းဆုံးဖြစ် အောင်၊ အပီပြင်ဆုံးဖြစ်အောင် တော့ ကြိုးစားထားတာပဲ။ ပရိ သတ်ကတော့ ကြိုက်တယ်။ ပရိ သတ်ပေးတဲ့ဆုတော့ ရပြီးသား။ ရုပ်ရှင်အကယ်ဒမီ ဘုတ်အဖွဲ့ပေး တဲ့ ဆုပဲကျန်တာ။ ပေးရင်လည်း ယူမယ်။ မပေးရင်လည်း မယူဘူး ပေါ့။

ကျေးဇူးတင်ပါတယ်

7Day News Journal

No comments:

Post a Comment