Latest News

Tuesday, March 28, 2017

" ကျနော်တို့ရွာ…"

" ကျနော်တို့ရွာ…"

ကျနော်တို့ရွာကလေးမှာဗျာ
သေနတ်ရှိသူတွေကတမျိုး
သေနတ်ရှိတဲ့လူနဲ့နီးစပ်တဲ့စီးပွားရေးသမား၊အခွင့်အရေးသမားတွေကတမှောင့်၊
ပညာတတ်ပါရဲ့ ရွာကနေနိုင်ငံခြားရောက်
ရွာကိုဘဲလွမ်းသယောင်ချစ်သယောင်တွေကတစ်ဖုံ၊
ရွာသူကြီးနဲ့အဖွဲ့က သြဇာမရှိ၊
ရွာသားအများစုကဆင်းရဲတွင်းနက် ပညာရေးမကောင်း ကျန်းမာရေးခြူခြာ၊
လယ်စိုက်စားလို့ ထမင်းနပ်မမှန် နိုင်ငံခြားသွား
ဒုက္ခခံ အနှိမ်ခံ ငွေရှာ၊

ရွာကမီးမမှန်ရေမမှန်၊
အင်တာနက်တော့သုံးတတ်လာတဲ့ရွာသားတွေ
စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ဖေ့ဘွတ်ပေါ်
ရေးချင်ရာရေး ပြောချင်တာပြော
အဆိုပြိုင်ပွဲ ဘာပြိုင်ပွဲ ပွက်ပွက်ညံ သို့သော်
ဖေ့ဘွတ်အသက်တစ်မနက်…

ရွာကလေးတိုးတက်လာဖို့ အားလုံးညီဖို့လိုနေတယ်

ဒါပေမယ့် ဝေဝေဝါးဝါး နဲ့ စမ်းတဝါးဝါး

ရွာကလေးရေ
ကမ္ဘာကြီးက အရှိန်မြှင့်ပြီး တိုးတက်သထက်တိုးတက်နေပါပြီ
အဝေးရောက်ကျနော်တို့တော့ မျက်မြင်ကိုယ်တွေ့မို့ ကိုယ့်ရွာကလေးကို နုမြောတယ်
မခံချင်ဖူးဗျာ ကျနော်တို့ရွာကလေးရဲ့ရွာသားအားလုံး ကိုယ့်မွေးရပ်မြေကိုတကယ်ချစ်ရင်ဖြင့်
ဒီရွာကလေးကောင်းဖို့ ဝိုင်းလုပ်ကြပါဦး
အတ္တတွေလျော့ကြပါဦး

ချစ်ခင်သတိရစွာ
ရွာပြင်ရောက်
ဆောင်းဦးလှိုင် ၂၈.၃.၂၀၁၇

No comments:

Post a Comment