သူ့ကို အားပေးတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအတွက်
ဓာတ်ပုံဖိုးရှင်းလိုက်ရတဲ့ စိုင်းစိုင်း
မတ်လ ၂၈
ကောင်မလေးတွေ အသည်းစွဲ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ပရိသတ်ကောင်မလေးတွေအကြောင်းပြောလာပါတယ်။
သူ့ကိုအားပေးတဲ့ ဆယ်ကျော်သက် ကောင်မလေးတွေအတွက် ဓာတ်ပုံဖိုးရှင်းလိုက်ရတဲ့ စိုင်းစိုင်းက အမှတ်တရအဖြစ် သူ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့တာပါ။
" တစ်ခါက လပြည့်ဝန်းပလာဇာမှာ တစ်ယောက်တည်းဈေးဝယ်နေတုန်း ဒဂုံ(၁)က ကလေးမလေးတွေ ကျွန်တော့ကို အတင်းလာဆွဲခေါ်ကြတယ်။ ကျောင်းဝတ်စုံလေးတွေနဲ့။ ခြောက်တန်း လို့ထင်တာပဲ ။ စိုင်းစိုင်းနဲ့ဓာတ်ပုံရိုက်မလို့တဲ့ ။
အဲတုန်းက camera phone တွေမရှိကြသေးပါဘူး ။ကလေးတွေလည်း ဖုန်းမကိုင်ကြသေးဘူး။ Facebook ခေတ်လည်းမရောက်သေးဘူးပေါ့လေ။ လပြည့်ဝန်းပလာဇာတတိယထပ်မှာ ဓာတ်ပုံရိုက်ပြီး တခါတည်းပုံတွေထွက်လာတဲ့ စက်ကြီးရှိတယ် ။ Sticker ပုံလေးတွေလေ ။ ၂ပုံတွဲတို့၊ ၄ ပုံတွဲတို့ ။ ကျွန်တော့ကို အဲဒီခေါ်သွားတာဗျ။
ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ဓာတ်ပုံတွဲရိုက်ကြတယ်။ ပျော်ဖို့လည်းကောင်းတယ် ။ဆူညံနေတာပဲ ။ ၁၀ယောက်ကျော်လောက်ရှိမယ်ထင်တယ် ။ ပြီးတော့ စက်ထဲက ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ဓာတ်ပုံလေးတွေထွက်လာတာပေါ့။
အားလုံးပြီးတော့ ကိုယ့်ပုံကိုယ်ယူပြီး ပိုက်ဆံရှင်းရမယ်ဆိုတော့ စိုင်းစိုင်းပေးလိုက်တဲ့ ။ ပိုက်ဆံမပါဘူးတဲ့ဗျ။အင်းပေါ့လေ၊ ခြောက်တန်းကလေးတွေပဲဥစ္စာ ။ ဓာတ်ပုံဖိုးတော့ဘယ်ရှိမလဲ ။ မတတ်နိုင်ဘူး ။ ကျွန်တော်ပဲ ရှင်းရတာပေါ့ ။ဟိုမှာ ဆိုင်ရှင်ကလည်းရှိုးနေပြီ" လို့ သူက အမှတ်တရ ရေးထားပါတယ်။
ချောကလက်ရောင်ရေခဲအိပ်မက်ကစလို့ သူငယ်ချင်းများစွာ၊ စိုင်းစိုင်းဟုခေါ်သည် ကအလယ် အခွေများစွာထွက်ခဲ့ပြီး၂၀၀၀ ဝန်းကျင်ခန့်ကနေ ဒီကနေ့အထိ ပရိသတ်တွေကို ထိန်းထားနိုင်ခဲ့ပါတယ်။
သူ အနုပညာလောကထဲ ရောက်ကာစက အားပေးခဲ့တဲ့ ပရိသတ်တွေတောင် ဆယ်ကျော်သက်ကနေ ၃၀ ကျော်တန်းထိ ရောက်တာတောင် ပရိသတ်အားပေးနေဆဲဆိုတာ သိပ်အံ့သြစရာတောင် မဟုတ်တော့ပါဘူး။
" ဘာရယ်မဟုတ်ဘူး ဒီည အဲဒီအကြောင်းလေး ပြန်သတိရလို့ တစ်ယောက်တည်း တွေးတွေးပြီး ပြုံးမိပါတယ် ။ အခုဆိုရင် အဲ့ကလေးတွေ မမကြီးတွေဖြစ်နေလောက်ရောပေါ့ ။ တချို့ဆို ကျနော့်ထက်တောင် ဝါကြီးရင် ကြီးနေတော့မှာ " လို့ သူက သတိတရ ဒီနေ့ ရေးတင်ထားခဲ့ပါတယ်။ မဇ္ဈိမ
ဓာတ်ပုံ - စိုင်းစိုင်းခမ်းလှိုင်ဖေ့ဘွတ်
Tuesday, March 28, 2017
သူ့ကို အားပေးတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအတွက် ဓာတ်ပုံဖိုးရှင်းလိုက်ရတဲ့ စိုင်းစိုင်း
သူ့ကို အားပေးတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအတွက် ဓာတ်ပုံဖိုးရှင်းလိုက်ရတဲ့ စိုင်းစိုင်း
Reviewed by Ar Ti
on
10:21 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment