Latest News

Friday, March 24, 2017

လူမှုရေးပရဟိတတွေလုပ်ပြီး ပျော်ရွှင်ပါတယ်ဆိုတဲ့ လုလုအောင်

လူမှုရေးပရဟိတတွေလုပ်ပြီး ပျော်ရွှင်ပါတယ်ဆိုတဲ့ လုလုအောင်

ဖျော်ဖြေပွဲပြုလုပ်ပြီး ရတဲ့ရန်ပုံငွေတွေကို မန္တလေးရေတံခွန်တောင်ပေါ်မှာရှိတဲ့ အဘိုးအဘွားတွေကို သွားပြီးလှူဒါန်းခဲ့တယ်။

ရန်ကုန်၊ မတ် ၂၁ - လူမှုကွန်ရက်မှာအမျိုးသားအများစုရဲ့ စိတ်ဝင်စားမှုခံရတဲ့ မော်ဒယ်လုလုအောင်က လတ်တလောမှာ ပရ ဟိတပွဲတွေကို ပါဝင်ကူညီလိုက်ပါဆောင်ရွက်နေတယ်လို့သိရပါတယ်။
‘မန္တလေးက အမေ့ခံဘိုးဘွားတွေအတွက် ပြုလုပ်တဲ့ ပရဟိတ ရန်ပုံငွေပွဲမှာ အကြော်အလှော်ရောင်းတဲ့နေရာမှာ ပါဝင်ကူညီပြီး ဖျော်ဖြေပွဲပြုလုပ်တဲ့နေရာတွေမှာ ပါဝင်ကူညီခဲ့ပါတယ်၊ ပရဟိတ လုပ်ဖို့ ဆက်သွယ်တော့ အခုလိုပါဝင်ကူညီဖြစ်ပါတယ်၊ ဆိုင်ခန်းတွေနဲ့ရောင်းတယ်၊ အနုပညာရှင်တွေနဲ့ သီချင်းတွေပြီး ဖျော်ဖြေပါတယ်၊ လက်ရှိဖျော်ဖြေပွဲပြုလုပ်ပြီးရတဲ့ရန်ပုံငွေတွေကို မန္တလေးရေတံခွန်တောင်ပေါ်မှာရှိတဲ့ အဘိုးအဘွားတွေကို သွားပြီးလှူဒါန်းခဲ့ပါတယ်လို့ မော်ဒယ် လုလုအောင်ကပြောပါတယ်။
အခုအဖွဲ့မှ မဟုတ်ပါဘူးအခြားအဖွဲ့တွေကခေါ်ခဲ့ရင်လည်း ပါဝင်ကူညီသွားမှာပါ။ အခုလက်ရှိ ပရဟိတအဖွဲ့နဲ့လည်း နောက်ထပ်လုပ်သွားဖို့တွေလည်း ရှိပါတယ်။ လူမှုရေးပရဟိတအ လုပ်တွေဆိုရင် အရမ်းဝါသနာပါပါတယ်။ အမြဲပါဝင်သွားဖို့လည်း ရှိပါတယ်။ အခုလတ်တလောမှာတော့ ဖိုတိုရှုတင်တွေပဲရိုက်ဖြစ် ပါတယ်။  သရုပ်ဆောင်လည်းမလုပ်ဘူးဆိုတော့ အခုလူမှုရေး  အလုပ်တွေဆက်လုပ်နေမှာပါ။ လူမှုရေးနဲ့ ပရဟိတအလုပ်တွေ ပါဝင်နေ ရတာပျော်ပါတယ်လို့ မော်ဒယ်လုလုအောင်ကပြောသွားပါ တယ်။ ( မိပုံ့ - kumudra )

No comments:

Post a Comment