Latest News

Friday, March 24, 2017

လစာရရှိမှုထက် ပိုင်ဆိုင်မှုပိုမိုများနေသည့် ၀န်ထမ်းများကို အရေးယူမည်

လစာရရှိမှုထက် ပိုင်ဆိုင်မှုပိုမိုများနေသည့် ၀န်ထမ်းများကို အရေးယူမည်

လစာရရှိမှုထက် ပိုင်ဆိုင်မှု ပိုမိုများပြားနေသည့်  သစ်တော ၀န်ထမ်းများကို ဖော်ထုတ် စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  စိုက်ပျိုးမွေးမြုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ၀န်ကြီး ဦးဘဟိန်းကမတ်လ(၂၄)ရက်နေ့ က လွှတ်တော်တွင်ပြောသည်။

"ကျနော် လွန်ခဲ့ တဲ့  ငါးနှစ်လောက်က သာပေါင်းမြို့ နယ် စိုက်ပျိုးရေးနည်းပညာနဲ့ ပတ်သတ်ပြီး လှည့်လည်တုန်းက ရွာတစ်ရွာမှာ သစ်တောဝန်ထမ်းတစ်ယောက်နေပါတယ်။ သူ့ တစ်အိမ်လုံးကရဲရဲတောက်နေတာပဲ။ ပျဉ်းကတိုးတွေချည်းပဲ။ အဲဒီအချိန်တုန်းကဆောက်တဲ့ လက်သမားတောင် အရက်အကောင်းစားတိုက်တယ် ပြောပါတယ်။ ဒီလို အိမ်ကြီး အိမ်ကောင်းတွေ ဆောက်နိုင်တာဟာ သူရတဲ့  လစာနဲ့  ဟန်ချက်ညီမှု ရှိမရှိ
စစ်ဆေးပြီးတော့ အဲလို သူရဲ့ လစာနဲ့ မနိုင်တဲ့  ပိုင်ဆိုင်မှုတွေ ရှိနေတယ်ဆိုလို့ ရှိရင် ပိုင်ဆိုင်မှုတွေကို
စစ်ဆေးပြီးတော့ သိမ်းသင့်တာသိမ်းရပါမယ် " လို့  ၄င်းကပြောသည်။

မြို့ နယ်အတွင်းတရားမ၀င် ခိုးယူသယ်ဆောင်နေသည့် သစ်ထုတ်လုပ်မှုများတွင် ၀န်ထမ်းများကျင့်ဝတ်
သိက္ခာ ပျက်ပြားကာ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်၍ စည်းကမ်းချိုးဖောက်နေမှုများအပေါ် မည်ကဲ့ သို့  အရေးယူဆောင်ရွက် မည်ကို သိရှိလိုကြောင်းသာပေါင်းမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ၏
 မေးခွန်းကို ဆက်စပ်ဖြေဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း တရားမ၀င် သစ် (၂၉ ဒသမ ၇၄၉၄)တန် ဖမ်းဆီးရရှိထားသလို  သစ်တောဝန်ထမ်း
တစ်ချို့ကိုလည်း နယ်မြေ ပြောင်းရွှေ့အရေးယူခြင်းများပြုလုပ်ခဲ့ တယ်လို့  အစိုးရက သတင်းထုတ်ပြန်သည်။
ယင်းကဲ့ သို့ ဖမ်းဆီးရရှိမှုများကို ယခုအခါ အမှုတစ်ခုချင်းလိုက် ပြန်လည် စိစစ်မှုများပြုလုပ်မည်ဟုလည်း ဦးဘဟိန်းကပြောသည်။

"၀န်ထမ်းတစ်ချို့ က ဒီလိုအကျင့်ပျက်ချစားမှု တွေ ပိုင်ဆိုင်မှု ပိုနေတာတွေရှိခဲ့ တာတွေလည်းရှိမယ်။
ဒါကလည်း ၀န်ထမ်းတွေဟာ ကာလရှည်ကြာ စနစ်တစ်ခုအောက်မှာနေခဲ့ ကြတာကို ၀န်ထမ်းလို့ ဆိုဖို့ 
ရာတော့စဉ်းစားရမှာတွေရှိပါတယ်။ တစ်ချို့သော ၀န်ထမ်းအများစုတွေဟာ တော့ ထိုက်သင့်တဲ့ လစာ
ဝန်ဆောင်မှုတွေမရရှိတာကိုလည်း အစိုးရက လျစ်လျူရှုလို့ မရပါဘူး။" လို့  နိုင်ငံရေးလေ့ လာသူ
ကို မင်းနိုင်ကဆိုသည်။

အစိုးရအနေနှင် လစာရရှိမှုထက် ပိုင်ဆိုင်မှု ပိုမိုများပြားနေသည့်  အခြေနေအရပ်ရပ်အားဆောင်ရွက်မည့်အပေါ်တိကျသည့် အခြေနေ ကာလ အပိုင်းအခြားမည်သို့ မည်ပုံဆောင်ရွက်မည်ကိုတော့ အတိအကျ
ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

မျိုးမင်းပိုင်( တိုင်းဧရာ )

No comments:

Post a Comment