Latest News

Saturday, March 11, 2017

သတို့သားကို သံကြိုးတုတ်ခေါ်လာတဲ့ သတို့သမီး


တစ်ခါတစ်ရံမှာ မျှော်လင့်မထားတဲ့အရာတွေဖြစ်ပေါ်လေ့ရှိတယ်ဆိုတဲ့အတိုင်း မကြာသေးမီက လူမူကွန်ရက်မှာ ပျံနှံခဲ့တဲ့ ဗီဒီယိုဖိုင်ဟာလူတွေကို စိတ်ဝင်စားမှုတွေမြင့်တက်စေခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံမှာ သတို့သမီးဝတ်စုံ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ယောက်ရဲ့လက်ကို သံကြိုးနဲ့ ချည်နှောင်ပြီး၊ လမ်းပေါ်မှာ တရွတ်တိုက် ဆွဲခေါ်လာတာကို ဒေသခံအမြာက်အများက စိတ်ဝင်တစား ၀ိုင်းဝန်းကြည့်ရှုခဲ့ပါတယ်။
အခု လိုမျိုးဖြစ်တာဟာ တရုတ်နိုင်ငံရဲ့ ဘယ်နေရာမှာဖြစ်တယ်ဆိုတာ ဖော်ပြတာမရှိပါဘူး၊ တရုတ်သတင်းစာတွေရဲ့ဖော်ပြချက် အရတော့ အမျိုးသား ဟာ သူရဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ဖို့ ငြင်းဆန်မှုတွေရှီတာကြောင့် သတိုသမီးကိုယ်တိုင်လိုက်ခေါ်တာဖြစ်ပြီး သတို့သားကို တွေချိန်မှာ သံကြိုးနဲ့တုတ်ထားတာဖြစ်တယ်လို့သိရပါတယ်။
 အမျိုးသမီးနဲ့ အမျိုးသားဟာ လမ်းမအလယ်မှာ အချင်းများလိုက်၊ သတို့သမီးက အတင်းသံကြိုးကို ဆွဲခေါ်လိုက် ဖြစ်နေတာကိုလည်း တွေ့ရတယ်လို့ ရုပ်သံဖိုင်ကိုတွေမြင့်ရသူတွေကပြောပါတယ်။
ref chinanews
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment