Latest News

Sunday, March 19, 2017

ရန်ကုန်မြို့က တည်းခိုခန်းတွေမှာ နိုင်ငံခြားသားခရီးသည်တွေ တရားဝင်တည်ခိုခွင့်ပြုဖို့ စီစဉ်

ရန်ကုန်မြို့က တည်းခိုခန်းတွေမှာ နိုင်ငံခြားသားခရီးသည်တွေ တရားဝင်တည်ခိုခွင့်ပြုဖို့ စီစဉ်

ရန်ကုန်၊ မတ် ၂၀ - ရန်ကုန်မြို့က တည်းခိုးခန်းတွေမှာ နိုင်ငံခြားသားတွေကိုတရားဝင်တည်းခိုခွင့်ပြုဖို့အတွက် ၂၀၁၃ခုနှစ် စည်ပင်သာယာရေးဥပဒေကိုပြုပြင်ပြီး ဆောင်ရွက်ဖို့စီစဉ်နေတယ်လို့သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာရန်ကုန်မြို့တော်ဝင်ဦးမောင်မောင်စိုးကပြောပါတယ်။

လက်ရှိတည်းခိုခန်းတွေကို ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနဲ့ ရန်ကုန်မြို့တော်စည်ပင်တို့ ပူးပေါင်းပြီ စစ်ဆေးနေတယ်လို့ သိရပါတယ်။

သည်လိုစစ်ဆေးတာကို တည်းခိုခန်းတွေကို အရေးယူဖို့ မဟုတ်ဘဲ တရားဝင် နိုင်ငံခြားသား တည်းခိုခွင့်ပြုဖို့ စီစစ်နေတာလို့ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ရှင်းပြပါတယ်။

တည်ခိုရမယ့် ဈေးနှုးန်းတွေ တည်ခိုခန်းတွေရဲ့ အရည်သွေးတွေ သက်မှတ်ပေးမှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်ပြီး စည်ပင်ဥပဒေသစ်က သည်လာမယ့် ဧပြီလမှာ ထွက်ရှိမယ်လို့
သိရပါတယ်။


ပို့ပို့မြင့်မွန်( Kumudra )


No comments:

Post a Comment