Latest News

Sunday, March 19, 2017

နိုင်ငံသားကိစ္စ စစ်တွေမှာ ဆန္ဒပြ

နိုင်ငံသားကိစ္စ စစ်တွေမှာ ဆန္ဒပြ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ  မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အစိုးရအစီအစဉ်နဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ လူဦးရေ ၂၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို မှန်မှန်ကန်ကန်လိုက်နာဖို့ ဆန္ဒပြရတာဖြစ်ကြောင်း၊ တရားမ၀င် ခိုးဝင်လာတဲ့သူတွေကို နိုင်ငံသားကဒ် ထုတ်ပေးဖို့ ခွင့်မပြုနိုင်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးက ပြော ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မွတ်စလင်တွေကို နိုင်ငံသားစိစစ်တဲ့ အစီအစဉ် ပြန်လည်ဆောင်ရွက်ရေးကိစ္စ စဉ်းစားသုံးသပ်ဖို့၊ ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပြီးတဲ့နောက် စစ်တွေမြို့မှာ ၃ ရက်ကြာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment