Latest News

Thursday, March 23, 2017

လက်ပံတောင်းတောင် ဒေသခံများနှင့် လုံထိန်းတပ်ဖွဲ့ အခြေအနေ တင်းမာ

လက်ပံတောင်းတောင် ဒေသခံများနှင့် လုံထိန်းတပ်ဖွဲ့ အခြေအနေ တင်းမာ


စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်ကျေးရွာတွေ အနီး ဒေသခံတွေက ကျောက်သည် ကားအစီး ၁၀၀ ကျော်ကို တားမြစ်ထားလို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်နဲ့ ဒေသခံတွေ အခြေအနေ တင်းမာနေပါတယ်။

မတ်လ ၂၄ ရက် မနက် ၁၀ နာရီအချိန်က စပြီး ဒေသခံ တောင်သူ ၁၀၀ ခန့်က ကျောက်သယ်ကား တွေကို စတင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ က မိုးကြိုးပြင် မြောက်ရွာက ညောင်ပင်ကြီးကို ဈေးဝယ် သွားတဲ့ အသက် ၁၈ နှစ် အရွယ် မရီရီမွန် နှင့် ကျောက်သယ် ကားတစ်စီး မတော်တဆ ချိတ်မိလို့ ဒေသခံတွေက ကျောက်ထုတ်ကား တွေကို စတင် တားမြစ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက ကျောက်သယ် ကားတွေ ရပ်ဆိုင်းပေးဖို့ သက်ဆိုင်ရာကို လက်မှတ်ထိုး တောင်းဆိုခဲ့ ပါသေးတယ်။ အခုလို ကျောက်သည် ကားတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ပိတ်ဆို့ တားဆီးတာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ ခရီး သွားလာမှုကို အနှောင့်အယှက် ဖြစ်စေတယ်။

တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးကို ထိခိုက်စေတယ် ဆိုပြီး ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ တားမြစ်မိန့် တခုကို ထုတ်ပြန်ခဲ့ ပါသေးတယ်။

တားမြစ်မိန့်ကို မလိုက်နာရင် လုံခြုံရေး အင်အားဖြင့် ဖမ်းဆီး အရေးယူ သွားမယ်လို့ တားမြစ်မိန့်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လုံထိန်းကား ၂စီး ရဲတပ်ဖွဲ့ဝင် ၆၀ ခန့် အဆင်သင့် နေရာယူထားတယ်လို့ သိရပါတယ်။

သတင်း-အောင်ကိုလတ်၊ ဓာတ်ပုံ-ဖိုးဇော် ( DVB )

No comments:

Post a Comment