Latest News

Thursday, March 23, 2017

ကိုးကန့် - တရုတ် နယ်စပ်တွင် မြန်မာ - တရုတ် ငွေလဲလှယ်မှု များကို ထပ်မံ ရပ်ဆိုင်း

ကိုးကန့် - တရုတ် နယ်စပ်တွင် မြန်မာ - တရုတ် ငွေလဲလှယ်မှု များကို ထပ်မံ ရပ်ဆိုင်း

 
ကိုးကန့်​ လက်နက်ကိုင် တပ်ဖွဲ့ (MNDAA)ရဲ့ ဘဏ်​စာရင်း အပါအဝင်​ ကိုးကန့်​​နဲ့ တရုတ် နယ်​စပ်​မှာ ​ မြန်​မာ - တရုတ်​ ​ငွေလဲလှယ်​မှုတွေကို ထပ်​မံ ရပ်​ဆိုင်းလိုက်ပါတယ်။

ကိုးကန့်​​ဒေသ ​လောက်​ကိုင်​ နယ်​စပ်​တလျှောက်​မှာ ဖြစ်​ပွား​နေတဲ့ တိုက်​ပွဲ​ကြောင့် ကိုးကန့်​တပ်​ဖွဲ့ ရဲ့ ​ငွေစာရင်းကို တရုတ်​ စိုက်​ပျိုး​ရေး ဘဏ်​မှ ​ငွေစာရင်း ပိတ်​လိုက်​ပြီး​နောက်​ ကိုးကန့်​ - တရုတ်​နယ်​စပ်​ရှိ တရုတ်​ပြည်​ဘက်​ နန်းဆန်းမြို့ထဲမှာ ရှိ​နေတဲ့ နုံရဲဟန်​ ဘဏ်​ခွဲမှာလည်း မြန်​မာ - တရုတ်​​ ငွေလဲလှယ်​ခွင့် ပိတ်​လိုက်​ပြီလို့ မတ်​ ၂၃ ရက်​​ နန်းဆန်​ ကွမ်​​ပေါ​ကျွေ သတင်းမှာ ​ဖော်​ပြပါတယ်​။

ကိုးကန့်​​ဒေသမှာ တရုတ်​​ငွေကို အသုံးများပြားပြီး ​ငွေ​ကြေး လဲလှယ်​တာတွေ အဆင်​​ပြေ​စေဖို့ အတွက်​ တရုတ်​ပြည်​ဘက်​ရှိ ဘဏ်​နဲ့ ကိုးကန့်​​ဒေသရှိ ဘဏ်​တွေကို ချိတ်​ထားပြီး အသုံးပြုလာခဲ့ ကြပါတယ်​။

ကိုးကန့်​အဖွဲ့​ ခေါင်း​ဆောင်​ ဖုန်းကြားရှင်​ကို အ​မေရိကန်​က မူးယစ်​​ဆေးဝါး​ ခေါင်း​ဆောင်​ တ​ဦးအဖြစ် ​သတ်​မှတ်​ထားတာ ဖြစ်ပါတယ်​။

သတင်း - နိုင်နိုင် ( DVB )

No comments:

Post a Comment