Latest News

Thursday, March 23, 2017

မွန်ပြည်နယ် လွတ်တော် ဒုတိယ ဥက္ကဌကို တာဝန်မှ ရုပ်သိမ်းဖို့ ပြည်သူ့လွတ်တော် ဥက္ကဌ ပြောဆိုခဲ့ခြင်း မရှိ

မွန်ပြည်နယ် လွတ်တော် ဒုတိယ ဥက္ကဌကို တာဝန်မှ ရုပ်သိမ်းဖို့ ပြည်သူ့လွတ်တော် ဥက္ကဌ ပြောဆိုခဲ့ခြင်း မရှိ

၂၃၊ မတ်လ၊ ရန်ကုန်

ပြည်သူ့ လွတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မွန်ပြည်နယ် လွတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံရာမှာ ပြည်နယ် လွတ်တော် ဒုတိယ ဥက္ကဌကို တာဝန်မှ ရုပ်သိမ်းရေးနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ခြင်း မရှိဘဲ လွတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူလူထု အကျိုးကိုသာ ရှေးရူ့ ပြီး အလုပ် လုပ်ကြဖို့ ကိုသာ မှာကြားခဲ့တယ်လို့  ပြည်နယ် လွတ်တော် ကိုယ်စားလှယ်တွေ ဆီက သိရပါတယ်။

မွန်ပြည်နယ်ရှိ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက် ဆန္ဒပြတဲ့ နေရာမှာ မွန်ပြည်နယ် လွတ်တော် ဒု ဥက္ကဌ ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦး ကိုယ်တိုင် ဦးဆောင် ခဲ့တာကြောင့် တာဝန်မှ ရုပ်သိမ်းဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတယ်လို့  မွန်ပြည်နယ် လွတ်တော် ရေးမြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးချစ်တင် က ဆိုပါတယ်။

”ကျွန်တော် အနေနဲ့  ဒီကိစ္စတွေကို ပြောပိုင်ခွင့်တော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီသတင်းတွေကို ကျွန်တော်တို့ လည်း ကြားနေရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့  ကတော့ ဥက္ကဌကြီး (ဦးဝင်းမြင့်) ကတော့ ဘာမှ ပြောဆိုသွားတာ မရှိပါဘူး။ အခု ပြောနေကြတဲ့ ဒေါက်တာ အောင်နိုင်ဦး ကလည်း တကယ် အလုပ် လုပ်တဲ့ သူပါ။ အခုလည်း သူ့အလုပ် သူလုပ်နေပါတယ်။

ဦးချစ်တင်က ဆက်ပြီး –

”အဲဒီဆန္ဒပြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လွတ်တော် ဥက္ကဌတွေကို တာဝန်က ရပ်နားမယ် ဆိုတာတွေကို ဘာမှ ပြောမသွားပါဘူး။ ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ အတွက် ပြည်သူ့ လူထုကို ဦးစားပေး ပြီးတော့ အလုပ် လုပ်ကြပါ။ ဒါပဲ သူပြောသွားတာပါ။” လို့  အတည် ပြုပါတယ်။

ပြည်သူ့လွတ်တော် ဥက္ကဌ ဟာ မတ်လ ၂၂ ရက်နေ့မှာ မွန်ပြည်နယ် လွတ်တော်ကို သွားရောက်ခဲ့ပြီး ခရီးစဉ် နောက်ကွယ်မှာ ပြည်နယ်လွတ်တော် ဥက္ကဌတွေကို တာဝန်မှ ရပ်နားဖို့ ကိစ္စတွေလည်း ရှိနေတယ် ဆိုတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေဟာ မွန်ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြန့်နှံနေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်ပေးရေး ကိစ္စဟာ မဖြစ်သင့်ဘူး လို့  ယူဆပြီး ဒေသခံ ပြည်သူတွေဘက်က ရပ်တည်ကာ ဦးဆောင်ခဲ့တာ ဖြစ်ပြီး သည်ကိစ္စကြောင့် တာဝန်မှ ရုပ်သိမ်းခံရမယ် ဆိုတာဟာ ကောလဟလ တွေသာ ဖြစ်တယ်လို့  ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။

” ဒီသတင်းတွေက ကောလဟလတွေပါ။ အခြေအနေ ဖြစ်မှန် မဟုတ်တဲ့ အပေါ်မှာတော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။” လို့  ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။

မွန်ပြည်နယ် လွတ်တော် ဒု ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြည်နယ်တော် ကိုယ်စားလှယ် အချို့ကတော့ မွန်ပြည်နယ် လွှတ်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲ အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတွေ ကိစ္စ၊ ဒီမိုကရေစီ ဖက်ဒရယ် စနစ်သို့ ဦးတည် သွားနေတဲ့ အကြောင်း၊ အမြင်မတူသူတွေ ရှိပေမယ့် မဲဆန္ဒရှင်တွေကို နားလည် သဘောပေါက်အောင် ပြောဆို စည်းရုံးဖို့ ကိစ္စတွေ၊ အစိုးရရဲ့  မူဝါဒတွေ ကိုသာ ရှင်းလင်း ပြောဆို သွားခဲ့တယ် လို့ ပြောကြပါတယ်။

ချမ်းသာ ( Kumudra )

No comments:

Post a Comment