ထိုင်းနိုင်ငံတွင် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို အမှုဖွင့်စစ်ဆေး
ဘန်ကောက်၊ မတ် ၁၀ ။ ။ ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ကျောင်းထိုင်ဘုန်းကြီးကို မတွေ့ရှိရသေးချိန်မှာ ထိုင်းရဲတွေက ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို မတ် ၁၀ ရက်မှာ အမှုဖွင့် စစ်ဆေးပြီဖြစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ အသက် ၄၅ နှစ်ရှိ ဆတ်တီဝေါင်ကို အထူးစုံစမ်းရေးဌာနက သမ္မန်ဆင့်ခေါ်တဲ့အပေါ် တုံ့ပြန်ခြင်း မရှိတာကြောင့် အမှုဖွင့်စွဲဆိုခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို The Nation သတင်းဌာနက ကိုးကားဖော်ပြပါတယ်။
ဘန်ကောက်မြောက်ပိုင်း ပတ်ထုံဌာနပြည်နယ်တွင်းက ဓမ္မကာယဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်းဘုန်းတော်ကြီးကို ရှာဖွေရေးလုပ်ငန်းစဉ်တွေ ရဲဌာနက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဓမ္မကာယဘုန်းတော်ကြီးကျောင်းတိုက်ကို တည်ထောင်တဲ့ သက်တော် ၇၂ နှစ်ရှိ ဘုန်းတော်ကြီး ဓမ္မချာရိုဟာ ဘုန်းကြီးကျောင်းအတွင်းမှာပဲ ပုန်းအောင်းနေလိမ့်မယ်လို့ ရဲတွေက ယူဆထားပါတယ်။
နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ တရားစခန်းတွေရှိနေတဲ့ ဓမ္မကာယ တရားရေးပြန့်ပွားမှုလုပ်ဆောင်ချက်မှာ ဗုဒ္ဓဘာသာနဲ့ သွေဖည်နဲ့ နည်းလမ်းစဉ်တွေ လုပ်ဆောင်နေပြီး နိဗ္ဗာန်လမ်းမှာ အာမခံချက်ရဖို့အတွက် အလှုငွေထည့်ဝင်ခိုင်းမှုတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံသားတစ်ချို့က ဝေဖန်ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဓမ္မချာရိုဟာ ကျောင်းထိုင်နေရာက ဆင်းပေးခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာမှာမှ ကျောင်းထိုင်နေရာ ပြန်လည်ရယူတာဖြစ်ပါတယ်။ မတ် ၉ ရက်မှာ ဘုန်းတော်ကြီးကို ရှာဖွေရေးလုပ်ငန်းတွေ ရဲဌာနက ပြန်လည်စတင်ပြီး စစ်တပ်က ကျောထောက်နောက်ခံပြုပေးထားပါတယ်။
Mizzima
Friday, March 10, 2017
ထိုင်းနိုင်ငံတွင် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို အမှုဖွင့်စစ်ဆေး
ထိုင်းနိုင်ငံတွင် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို အမှုဖွင့်စစ်ဆေး
Reviewed by Ar Ti
on
9:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment