Latest News

Friday, March 10, 2017

ဒုတိယရင်သွေးလေး ရလာတော့မယ့် မတ်ခ်ဇူကာဘတ်ဇနီးမောင်နှံ

ဒုတိယရင်သွေးလေး ရလာတော့မယ့် မတ်ခ်ဇူကာဘတ်ဇနီးမောင်နှံ

ဒီတစ်ယောက်ကလည်း သမီးမိန်းကလေး ဖြစ်ပါတယ်။

ကမ္ဘာကျော် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်နဲ့ ဇနီးသည် ပရစ်ဆီလာချမ်း တို့ ဟာ ဒုတိယမြောက်ကလေး တစ်ယောက် မွေးတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီတစ်ယောက်ကလည်း သမီးမိန်းကလေး ဖြစ်ပါတယ်။

ဇူကာဘတ်ခ်မောင်နှံတို့ ရဲ့ ပထမဆုံး သမီးဦးကတော့ Maxima (မတ်ခ်ျ) လို့ ခေါ်တဲ့ အခါလည်သမီးလေးဖြစ်ပါတယ်။ သမီးနှစ်ဦးရဲ့အဖေ ဖြစ်တော့မယ့် ဇူကာဘတ်ခ်ကတော့ ဒီမင်္ဂလာသတင်းကို သူ့ ရဲ့ facbook ပို့ စ်မှာ ပြန်လည် မျှဝေခဲ့ပါတယ်။
"ပရစ်ဆီလာနဲ့ ကျွန်တော်တို့ ဟာ နောက်ထပ်သမီးမိန်းကလေး မွေးတော့မှာမို့ ပျော်နေပါတယ်။" လို့ သူ့ ရဲ့ပို့ စ်မှာ ရေးထားပါတယ်။ "ပထမသမီးလေးဖြစ်တဲ့ မတ်ခ်ျကို မမွေးခင်က ကျွန်တော်တို့ လင်မယားမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တာကြောင့် နောက်ထပ် ကလေးတောင် ရမှ ရပါ့မလားလို့ စိတ်တထင့်ထင့်ဖြစ်နေခဲ့တာပါ။ အခုတော့ ပရစ်ဆီလာ နောက်တစ်ခါ ကိုယ်ဝန်ဆောင်နေပြီ ဆိုတော့ မွေးလာမယ့်သမီးလေး ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းနဲ့ မွေးလာပါစေလို့ ဆုတောင်းနေပါတယ်။ နောက်ထပ် ကျွန်တော်ဆုတောင်းတာက သမီးကလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ညီမတစ်ယောက်ရှိတာဟာ ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ လက်ဆောင်လဲဆိုတာ မတွေးတတ်လောက်အောင်ပါပဲ။ သမီးကြီး မတ်ခ်ျနဲ့ နောက်မွေးလာမယ့် သမီးငယ်တို့ အတူဖြစ်တော့မှာကို ကျွန်တော်မှာ တွေးပျော်နေပါတယ်။ "

ပရစ်ဆီလာဟာ မတ်ခ်ျကို ကိုယ်ဝန်မဆောင်ခင်က ကိုယ်ဝန် သုံးကြိမ်အထိ ပျက်ကျခဲ့ဖူးပါတယ်။ ဇူကာဘတ်ခ်အနေနဲ့ လည်း အမညီမများကြားမှာ ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် အမျိုးသမီးများရဲ့ သူ့ အပေါ် သြဇာသက်ရောက်မှုကို နိုင်ငံတကာအမျိုးသမီးများ နေ့ မှာ အခုလို ဖော်ပြထားခဲ့ပါတယ်။ "ကျွန်တော်ဆိုရင် ညီအမ သုံးယောက်ကြားမှာ ကြီးလာခဲ့တာပါ။ သူတို့ ကနေ ကြံခိုင်တဲ့စိတ်ဓါတ်နဲ့ ထက်မြက်တဲ့ အမျိုးသမီးများဆီကနေ ဘယ်လို လေ့လာရမလဲ သင်ကြားပေးခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေဆိုရင် ကျွန်တော့်အမတွေ မဟုတ်ပေမယ့် အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်ပါတယ်။ သူတို့ ဆို စာအုပ်တွေ ရေးတယ်။ သီချင်းဂီတ အချက်အပြုတ်နဲ့ အလုပ်အကိုင်တွေမှာလည်း တကယ်တော်တဲ့လူတွေပါ။ သူတို့ ဆီကနေ ဘယ်လို ယှဉ်ပြိုင်ရမလဲ ဆိုတာနဲ့ အားလုံးအဆုံးသတ်မှာ ဘယ်လိုစိတ်အထာနဲ့ ပေါ့ပေါ့ပါးပါး နေသွားရမလဲ သင်ပေးခဲ့တာပါ။ "
ဇူကာဘတ်ခ်လိုပဲ ပရစ်ဆီလာချမ်ရဲ့ ဘဝမှာလည်း အမျိုးသမီးများက အကြီးအကျယ် သြဇာလွှမ်းမိုးခဲ့ဖူးတယ်လို့  ဇူကာဘတ်ခ်က ရေးထားပါတယ်။ "ပရစ်ဆီလာလည်း အမနှစ်ယောက်နဲ့ ကြီးပြင်းလာတာပါ။ သူ့ အမတွေကနေ မိသားစုရဲ့ အရေးပါပုံ ၊ တစ်ယောက်ကို တစ်ယောက်စောက်ရှောက်ဖို့ နဲ့ အလုပ်ကို ကြိုးစားဖို့ ဆိုတာတွေ သူ့ ကို သင်ပေးလိုက်ပါတယ်။ သူတို့ အချင်းချင်း ပညာရေး နဲ့ အလုပ်အကိုင်တွေမှာ အပြန်အလှန် ထောက်ပံ့ကူညီကြတယ် ။ သူတို့ မိသားစုချင်းပဲ နားလည်နိုင်တဲ့ အတွင်းရေးဟာသဇာတ်လမ်းတွေလည်း အများကြီးပဲဗျ"

နောက်ထပ်သမီးလေး မွေးဖို့ အရေးကို မစောင့်နိုင်လောက်အောင်ဖြစ်နေတဲ့ ဇူကာဘတ်ခ်ဟာ သူ့ ရဲ့ ပို့ စ်အောက်မျာ ကလေးဘဝက သူတို့ မိသားစုလိုက် ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးပုံကိုပါ တစ်ခါတည်း တင်ပေးထားပါတယ်။ မိသားစုဘဝကို တန်ဖိုးထား ချစ်မြတ်နိုးကြတဲ့ ဇူကာဘတ်ခ်တို့ ဇနီးမောင်နှံဆီ ရောက်လာမယ့် သမီးလေးကတော့ ကုသိုလ်ကောင်းတယ်လို့ ဆိုရမှာပါ။

Duwun

No comments:

Post a Comment