ဘရပ်ဆဲလ်လေဆိပ် တိုက်ခိုက်မှု တနှစ်ပြည့် အောက်မေ့ပွဲ ကျင်းပ
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် လေဆိပ်က မျက်ရည်ကျနေတဲ့ ဝန်ထမ်းတွေ တယောက်နဲ့ တယောက် လက်ချင်းကိုင်ပြီး တမိနစ် ငြိမ်သက် အောက်မေ့ပွဲကို ဗုဒ္ဓဟူးနေ့ က ကျင်းပပါတယ်။
၂၀၁၆ လေဆိပ် တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တနှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ပွဲကို ကျင်းပတာပါ။
မနှစ်က လေဆိပ်နဲ့ မြေအောက်ရထား ဘူတာရုံတို့မှာ ညှိနှိုင်း တိုက်ခိုက်တာခံရလို့ စုစုပေါင်း လူ ၃၂ ဦး သေဆုံးခဲ့ရပါတယ်။
ဘယ်လ်ဂျီယံ လူငယ်မွတ်စလင် ၂ ဦးက ခရီးဆောင် သေတ္တာဗုံးနဲ့ သူတို့ကိုယ်သူတို့ ဖောက်ခွဲခဲ့လို့ လေဆိပ် ထွက်ခွာခရီးသည် အဆောင်မှာ လူ ၁၆ ဦး သေဆုံးခဲ့တာပါ။
ဘယ်လ်ဂျီယံ ဘုရင်နဲ့ ဘုရင်မ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ လေဆိပ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေလည်း သေဆုံးသူ ၁၆ ဦးရဲ့ နာမည် ကြေညာချက်ကို နားထောင် ခဲ့ကြပါတယ်။
အဲဒီနောက် လေဆိပ် ဝန်ထမ်းတွေနဲ့ ခရီးသည်တွေက သေဆုံးသူတွေကို လေဆိပ်ခန်းမထဲမှာ ဂါရဝပြု ခဲ့ကြပါတယ်။ DVB
Thursday, March 23, 2017
ဘရပ်ဆဲလ်လေဆိပ် တိုက်ခိုက်မှု တနှစ်ပြည့် အောက်မေ့ပွဲ ကျင်းပ
ဘရပ်ဆဲလ်လေဆိပ် တိုက်ခိုက်မှု တနှစ်ပြည့် အောက်မေ့ပွဲ ကျင်းပ
Reviewed by Ar Ti
on
12:54 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment