Latest News

Thursday, March 23, 2017

ပင့်ကူအဆိပ်နဲ့ လေဖြတ်တာကို ကုသနိုင်တော့မယ်လို့ သိရ

ပင့်ကူအဆိပ်နဲ့ လေဖြတ်တာကို ကုသနိုင်တော့မယ်လို့ သိရ

သိပ္ဗံပညာရှင်တွေဟာ ပင့်ကူအဆိပ်ထဲက ပရိုတင်းတစ်မျိုးကိုထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ ပုံစံတစ်မျိုး ပြန်လည်ဖန်တီးပါတယ်။

မတ် ၂၁- ပင့်ကူအဆိပ်မှာပါဝင်တဲ့ ပရိုတင်းတစ်မျိုးကလေဖြတ် တာကြောင့် ဦးနှောက်ကိုမထိခိုက်အောင် ကာကွယ်ပေးရာမှာ အ ထောက်အကူဖြစ်စေနိုင်တယ်လို့ သုတေသနတစ်ရပ်အရသိရပါတယ်။  သိပ္ဗံပညာရှင်တွေဟာ Hi 1a ပရိုတင်းတစ်ကြိမ်သာအသုံးပြုမှုက ဓာတ်ခွဲခန်းမှာစမ်းသပ်လေ့လာနေတဲ့ ကြွက်တွေအပေါ်မှာ အကျိုး သက်ရောက်မှုရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။

သည်ပရိုတင်းက အနာဂတ်မှာလေဖြတ်တာကို ကုသနိုင်မယ့် ကုထုံး တစ်ရပ်ဖြစ်လာနိုင်တော့မယ်ဆိုတာကို သည်လေ့လာမှုအရသိရပါ တယ်။ အခုအထိတော့ လူတွေမှာမစမ်းသပ်ရသေးပါဘူး။  သည်လေ့လာမှုဟာ အစောပိုင်း အဆင့်ပဲရှိသေးပေမဲ့ လေဖြတ်တာ ကြောင့်အာရုံကြောတွေထိခိုက်တာကို လျှော့ချပေးနိုင်မယ့် ကုထုံး တစ်ရပ်ကိုကြိုဆိုထောက်ခံတယ်လို့ The Stroke Associ-ation က ဆိုပါတယ်။ ကွင်းစလန် နဲ့ မိုနာ့ရှ်တက္ကသိုလ်တွေက သုတေသီတွေ ဟာ ဩစတြေးလျားမှာရှိတဲ့ ဖရေဆာကျွန်းကိုသွားရောက်ပြီး လူကိုသေစေနိုင်တဲ့ အဆိပ်တွေရှိတဲ့ ဩစတြေးလျား Funnel web    အမျိုးအစားပင့်ကူသုံးကောင်ကိုဖမ်းပြီးအဆိပ်ထုတ်ယူဆောင် လာကြပါတယ်။

သိပ္ဗံပညာရှင်တွေဟာ ပင့်ကူအဆိပ်ထဲက ပရိုတင်းတစ်မျိုးကိုထုတ် ယူပြီး ဓာတ်ခွဲခန်းထဲမှာပုံစံတစ်မျိုးအဖြစ် ပြန်လည်ဖန်တီးပါတယ်။
သူတို့ဟာအဲသည်နောက်မှာ ဓာတ်ခွဲခန်းထဲကကြွက်လေးတွေကိုHi 1a ပရိုတင်းကိုထိုးသွင်းပေးခဲ့ပါတယ်။ လေဖြတ်တယ်ဆိုတာက ဦးနှောက်အစိတ်အပိုင်းတစ်ခုကို သွေးထာက်ပံ့မှုပြတ်တောက် သွားတဲ့အချိန်မှာပဲဖြစ်ဖြစ် ဦးနှောက်ထဲမှာသွေးယိုစီးနေချိန်မှာ ပဲဖြစ်ဖြစ် ဖြစ်ပေါ်ခံစားရတဲ့ ရုတ်တရက်ဦးနှောက်ထိခိုက်မှုတစ်မျိုး  ပဲဖြစ်ပါတယ်။ Hi 1a ပရိုတင်းဓာတ်က ဦးနှောက်ထဲမှာရှိတဲ့ acid -sensing ion channels (ASICs)ကို ပိတ်ဆို့ဟန့် တားပေးပါတယ်။

Hi 1a ပရိုတင်းဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အများ ဆုံးထိခိုက်တဲ့ ဦးနှေားက်ရဲ့အရေးပါတဲ့ အစိတ်အပိုင်းကိုတောင်မထိ ခိုက်အောင်ကာကွယ်ပေးနိုင်တာကိုတွေ့ရပါတယ်။ လေဖြတ်တာ ကြောင့်ဖြစ်တဲ့ ဆဲလ်တွေအလျင်အမြန်သေဆုံးမှုကြောင့် ဦးနှောက်ရဲ့  အရေးပါတဲ့ အစိတ်အပိုင်းထိခိုက်မှုဟာ ပြန်လည်မကောင်းမွန်နိုင်ဘူး လို့သုံးသပ်ထားကြတယ်လို့ သုတေသနကို ဦးဆောင်တဲ့ပါမောက္ခ ဂ လင်းကင်းက ပြောပြပါတယ်။ Kumudra

No comments:

Post a Comment