Latest News

Thursday, March 23, 2017

MYANMAR IDOL ဖိုင်နယ်နှစ်ယောက်နဲ့အင်တာဗျူး

MYANMAR IDOL ဖိုင်နယ်နှစ်ယောက်နဲ့အင်တာဗျူး


ပြိုင်ပွဲပြီးသွားလည်း အမြဲတမ်းသီချင်းဆိုနေမှာပါ ~ သားငယ်

Myanmar Idol Season 1 ကတည်းက ပြိုင်ဖို့ကြိုးစားခဲ့ပေမယ့် အိမ်ထောင်သည်လည်းဖြစ်နေတော့ အခြေအနေမပေးတဲ့အတွက် ပြိုင်ပွဲ မ၀င်ဖြစ်ခဲ့တဲ့ သားငယ်က Season 2 မှာတော့ Final ပွဲစဉ်ထိ တက် လှမ်းလာခဲ့ပြီး အိပ်မက်တွေအကောင် အထည်ဖော်ဖြစ်ခဲ့ပါတယ်ဆိုတဲ့ သားငယ်ကို 8days ပရိသတ်တွေ အတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။

Q. စပြီးပြိုင်ပွဲဝင်အတွေ့အကြုံ လေးပြောပေးပါ။
A. ပွင့်ပွင့်လင်းလင်းပြောရရင် ဒိုင်တွေရှေ့မှာ အစမ်းသပ်ခံပြိုင်ပွဲ တစ်ခါမှမ၀င်ဖူးဘူး။ အကောင်းဆုံး ဆိုခဲ့တယ်။ ဒိုင်တွေကြိုက်တဲ့အတွက် အရမ်းဝမ်းသာခဲ့ရပါတယ်။ ၁၀ ယောက်ရွေးချယ်ခံရတော့ ကိုယ့် ကိုယ်ကိုယ် ပါမယ်မထင်ထားတော့ မယုံနိုင်ဘူး။

Q. ကိုယ့်ကို အားပေးတဲ့ပရိ သတ်တွေရှိလာမယ် မျှော်လင့်ထားလား။
A. ကြည့်ရတဲ့ပရိသတ်တွေ အားပေးတယ်ဆိုတော့ ပျော်ရွှင်ရပါ တယ်။ ကျွန်တော်တို့သီချင်းဆိုတယ် ဆိုတာ ကြည့်တဲ့သူတွေ ပရိသတ် အသိအမှတ်ပြုမှလည်း ပျော်ရတာပေါ့။ ခုလောက်ကြီး အားပေးလိမ့် မယ်မမျှော်လင့်ခဲ့ပါဘူး။ မထင်မှတ်ဘဲ ခုလောက်ထိအားပေးခဲ့ကြတဲ့အတွက် အရမ်းပီတိဖြစ်ရတယ်။

Q. ဘယ် Level က အခက်ဆုံးလဲ။
A. Level တိုင်း ကျွန်တော့် အတွက် မလွယ်ကူပါဘူး။ တစ်ပတ်နဲ့တစ်ပတ် စိတ်ဖိစီးမှုကလည်း မတူ ဘူး။

Q. ခုလိုထိရောက်လာတာ ဘာကြောင့်လို့ထင်လဲ။
A. ပရိသတ် Voting ကြောင့် ဆိုရင် လုံးဝမမှားပါဘူး။ ကျွန်တော့် ကို Vote ပေးကြတာ SMS ရော Facebook Account နဲ့ပါ ပေးကြ လို့ ကျွန်တော် ခုထိရောက်လာတာ ပါ။ ကျွန်တော့်ကို ချစ်ကြသူတွေက ကျွန်တော် Bottom 3 မထိုင်ရ အောင် Vote ပေးခဲ့ကြတယ်။ အဲဒီ အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။

Q. ပရိသတ်ကိုရော...
A. ကျွန်တော့်ကိုအားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေး ဇူးတင်နေမှာပါ။ ကျွန်တော်က သီ ချင်းတွေ အမြဲဆိုနေမှာပါ။

Winner ဖြစ်ဖို့က ပရိသတ်လက်ထဲမှာပဲရှိတယ် ~ ဘီလီလမင်းအေး
Myanmar Idol Season 1 ကတည်းက ကြိုက်တယ်။ သီချင်းဆိုရတာလည်း ကြိုက်တော့ ပါဝင်ယှဉ် ပြိုင်ခဲ့တယ်။ ပြိုင်ပွဲအတွက်လည်း အရမ်းစိတ်လှုပ်ရှားရတယ်။ ပြိုင်ပွဲဆို တာလည်း ဖူးဘ၀မှာ ဒါက ပထမ ဦးဆုံးပါဆိုတဲ့ ဘီလီလမင်းအေးက ခုဆို Season 2 Final ကို ရောက် ရှိလာခဲ့ပါပြီ။
Q. ရွေးချယ်ခံရတဲ့ခံစားမှုပြော ပေးပါ။
A. ရွေးချယ်ခံရပြီဆိုတော့ ပျော်တာပေါ့။ ပြိုင်ပွဲစပြိုင်ပြီဆိုက တည်းက နောက်ဆုံးအဆင့်ထိ ရောက်ချင်တာပေါ့။ အားလုံးကလည်း အဆုံးကိုကြိုတွေးပြီး ပြိုင်ကြတာပေါ့။

Q. စိတ်လှုပ်ရှားရတဲ့အချိန်တွေကရော။
A. ဒီပြိုင်ပွဲ Stage ပေါ်မှာ ပထမဆုံး စဆိုရတဲ့အချိန်မှာတော့ အရမ်းကိုစိတ်လှုပ်ရှားရပါတယ်။ နယ်ကနေ ရန်ကုန်ထိလာပြိုင်တယ်။ ပထမဆုံး Stage အတွေ့အကြုံပါပဲ။ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုက အကုန်ပေါင်းစုံနေတယ်။

Q. Bottom ထိုင်ခဲ့ချိန် Save ဖြစ်တဲ့အချိန် ခံစားမှုတွေကရော။
A. အဲဒီအချိန်တွေမှာ ဖူးကို ဝေဖန်ကြတာ အများကြီးပါ။ ဖူးက ငယ်ငယ်ကတည်းက တစ်ယောက် တည်းနေတဲ့အကျင့်ရှိတယ်။ မျက်နှာက မာတယ်ဆိုတာက ဖူးက ဆရာမ လုပ်ခဲ့တယ်ဆိုတော့ မျက်နှာနည်း နည်းမာသွားတာမျိုးတွေရှိမှာပေါ့ လေ။ ဒါပေမဲ့ ဖူးရဲ့စိတ်မှာ သူငယ် ချင်းတွေထွက်သွားလို့ ငါပျော်တယ် ဆိုတဲ့ စိတ်လည်းမရှိဘူး။ ဒီ ၁၀ ယောက်စလုံးက ဖူးအတွက် သူငယ် ချင်းတွေပဲ။ ဒီပြိုင်ပွဲတောက်လျှောက် အတူတူပျော်ခဲ့တဲ့နေ့တွေရှိသလို စိတ်ဆင်းရဲ ငိုခဲ့ရတဲ့နေ့တွေလည်း ရှိ တယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမခဲ့ရတာတွေလည်းရှိတယ်။ နောက်တစ်ဆင့်ကို တက်လှမ်းသွားတဲ့အတွက် ပြိုင်ပွဲဖြစ်တော့ သြော် ငါတစ်ဆင့်တက်ရပြီဆိုတာတော့ ရှိတာပေါ့။ ထွက်သွားခဲ့ရသူတွေအတွက် Level တိုင်းမှာ အမြဲစိတ် မကောင်းဖြစ်ခဲ့ရပါတယ်။

Q. လာမယ့်ပြိုင်ပွဲအတွက် ပြင် ဆင်မှုကရော။
A. ရှေ့ပြိုင်ပွဲအတွက် ဆရာ တွေသင်ကြားမှုအပေါ် နာခံပြီး အကောင်းဆုံးလုပ်သွားမှာပါ။

Q. Winner တစ်ယောက်ဖြစ် ခဲ့မယ်ဆိုရင်...
A. အဲဒါဆိုရင်တော့ အရမ်းပျော်မိမှာပါ။ ဒါပေမဲ့ ခုချိန်ထိ ဘယ်အရာမှ သေချာပြောလို့မရသေးဘူး။ အားလုံးက ပရိသတ်လက်ထဲ မှာပါပဲ။ ပရိသတ်ရဲ့အဆုံးအဖြတ်နဲ့သာ Winner ဆိုတာ ဘယ်သူဆို ပြီး ထွက်လာမှာပါ။ ဖူး အားလုံးအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဆက်ပြီး အားပေးပါလို့။ ကလောင် - မေသက်( 8Day )

No comments:

Post a Comment