Latest News

Monday, March 6, 2017

လိင်အလွဲပြုလုပ်သော ကျောင်းအုပ်ဆရာကြီးကို ထိရောက်စွာ အရေးယူပေးရန် တင်ပြမည်

လိင်အလွဲပြုလုပ်သော ကျောင်းအုပ်ဆရာကြီးကို ထိရောက်စွာ အရေးယူပေးရန် တင်ပြမည်

မြောင်းမြမြို့နယ် ကဝက် အထကကျောင်းမှ ကျောင်းအုပ် ဆရာကြီးသည် ပြစ်မှုကျူးလွန် ကြောင်း တိုင်းဒေသကြီးပညာရေး မှူးရုံးက စစ်ဆေးတွေ့ရှိသဖြင့် ဝန်ကြီးဌာနအနေဖြင့် ထိထိ ရောက်ရောက် အရေးယူရန် တင် ပြမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ကျောင်းသားများကို လိင် ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် ငွေ ကြေးအလွဲသုံးစားမှုဖြင့် မြောင်းမြ မြို့နယ် ကဝက်အထကကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမငါးဦးက စတင်တိုင်ကြားခဲ့သည်။

‘‘ပညာရေးဌာနက DE ဖွဲ့ပြီး စစ်ဆေးတဲ့အခါမှာ ပြစ်မှုတွေကို ကျူးလွန်ကြောင်း စစ်ဆေးပေါ် ပေါက်တယ်။ ပညာရေးဌာနက သုံးသပ်တင်ပြတာကတော့ ဆရာကြီးကို ရာထူးကထုတ်ပယ်ဖို့ပါ’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။

တိုင်းဒေသကြီးပညာရေးမှူး ရုံး၏ စစ်ဆေးချက်အစီရင်ခံစာအပေါ် အခြေခံ၍ မတ်လ ၄ ရက်က ကျင်းပသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစည်းအဝေး တွင် ကျောင်းအုပ်ဆရာကြီးကို အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ် ရန်၊ ငွေကြေးအလွဲသုံးစားမှုအ ပေါ် ဝန်ကြီးဌာနက အမှုဖွင့်၍ အ ရေးယူရန်၊ ဆရာ၊ ဆရာမငါးဦး သည် မြို့နယ်နှင့် ခရိုင်ပညာရေး မှူးရုံးသို့ နှုတ်ဖြင့်အကြောင်းကြားခဲ့သော်လည်း အရေးယူခြင်းမရှိ သဖြင့် နိုင်ငံတော်အဆင့် ဌာန ဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ သတင်းမီဒီယာ များကို ဖော်ထုတ်ပြောကြားခဲ့ သည်ဟု လူမှုရေးဝန်ကြီးကပြော သည်။

‘‘ပညာရေးဌာနက အရင် ကိစ္စရပ်တွေမှာလည်း မျှတစွာအ ရေးယူမှုတွေ အားနည်းတယ်။ ဆရာ၊ ဆရာမတွေက တိုင်ကြား တာတွေ ရှိပေမယ့် အရေးယူတာ တွေမရှိလို့ အခုလိုတိုင်ကြားခဲ့တာ ဟာ မှန်ကန်တယ်။ စစ်ဆေးတဲ့အ ခါမှာလည်း ပေါ်ပေါက်တယ်။ ဒါ ကြောင့် ဆရာ၊ ဆရာမတွေကို အ ရေးယူစရာမလိုဘူးလို့ အစိုးရအ ဖွဲ့က သုံးသပ်တယ်’’ဟု ဒေါက် တာ လှမြတ်သွေးကရှင်းပြသည်။

အသက်(၅၀)ကျော်အရွယ် ကျောင်းအုပ်ဆရာကြီး ဦးအောင် အောင်သည် ၂၀၁၆ မတ်လက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို မည့် အသက်(၂၀)ကျော်အရွယ် ကျောင်းသားနှင့်အတူ အခြား ကျောင်းသားများအား စာမေးပွဲ ဖြေဆိုရန် တည်းခိုနေသည့် ဘုန်း ကြီးကျောင်းတွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဆိုကာ တိုင်ကြား ခံရခြင်းဖြစ်သည်။

လက်ရှိတွင် ကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ကို မြောင်းမြမြို့မရဲစခန်း၌ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၇၇၊ ဓမ္မတာ မဟုတ်သော ကာမစပ်ယှက်မှုဖြင့် ကျောင်းသားဟောင်း တစ်ဦးက အမှုဖွင့်ထားပြီး မတ်လ ၆ ရက်က မြောင်းမြမြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း မြောင်းမြ ရဲစခန်းမှသိရသည်။

7Day News Journal

No comments:

Post a Comment