Latest News

Monday, March 6, 2017

လီဗာပူးမှသည် မန်ချက်စတာခရီးကို ၇ မိနစ်နဲ့ အရောက်မောင်းနှင်ပေးသွားမယ့် ကမ္ဘာ့အမြန်ဆုံး ရထား

လီဗာပူးမှသည် မန်ချက်စတာခရီးကို ၇ မိနစ်နဲ့ အရောက်မောင်းနှင်ပေးသွားမယ့် ကမ္ဘာ့အမြန်ဆုံး ရထား

လီဗာပူးမှသည် ဟူးလ်မြို့ အထိ ပြေးဆွဲသွားဖို့ အဆိုပြုထားပါတယ်။

သယ်ယူပို့ ဆောင်ရေးကုမ္ပဏီ Direct City Networks (DCN) ဟာ လီဗာပူးမှသည် ဟူးလ် မြို့ အကြား ကမ္ဘာ့အမြန်ဆုံး မြေအောက်စနစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေပါတယ်။ ဒီရထားဟာ တစ်နာရီကို မိုင်ပေါင်း ၃၅၀ အထိ မြန်နှုန်းနဲ့ ပြေးဆွဲနိုင်တဲ့ ရှပ်ပြေးသံလိုက် hover train မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ၃၁ မိုင်ကွာဝေးတဲ့ လီဗာပူး- မန်ချက်စတာ ခရီးကို ၇ မိနစ်တည်းနဲ့ အရောက် မောင်းနှင်နိုင်ပါတယ်။

DCN မှ ထုတ်သွားမယ့် Maglev (magnetic leviation စနစ်သုံး)ရထားသစ်များဟာ မိုင်ပေါင်း ၁၁၆ မိုင်ကွာဝေးသည့် လီဗာပူး - ဟူးလ် ခရီးကို ၂၉ မိနစ်တည်းနဲ့ အရောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ယခုရထားသစ်များဟာ ပွတ်တိုက်မှုများကို လျှော့ချဖို့ ပြေးလမ်းများပေါ်မှာ ရှပ်တိုက်ပြေးနိုင်မည့် မဂ္ဂနက်တစ်များကို သုံးထားပါတယ်။ မြန်နှုန်းမြင့် Maglev ဝန်ဆောင်မှုများကို စီးပွားဖြစ်လုပ်ဆောင်ခဲ့တဲ့ ပထမဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ရှန်ဟိုင်းမြို့ တော်မှာ Maglev ရထားများကို ၂၀၀၄ ခုနှစ် ဇန်နဝါရီလထဲမှာ စတင်ဖွင့်လှစ် ပြေးဆွဲခဲ့ပါတယ်။ တရုတ်မှာ ဒီရထားများစီမံကိန်းများ တည်ထောင်ဖို့ အတွက် ဒေါ်လာ ၁.၃ ဘီလျံ (ပေါင်သန်း ၈၃၀ ) ကုန်ကျခဲ့ပါတယ်။ သံလိုက်ရှပ်ပြေးစနစ်သုံး ရထားများဟာ ရထားသံလမ်းပေါ်ကနေ ပွတ်တိုက်မှုအနည်းဆုံးနဲ့  ပြေးဆွဲနိုင်ဖို့ လျှပ်စစ်သံလိုက်စနစ်ကို သုံးပြီး ရှေ့ ကို ရှပ်တိုက်ပြေးလွှားနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ သံလိုက်ရှပ်ပြေးရထား Maglev စနစ်များကို DCN အနေနဲ့ အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် အင်္ဂလန်မြောက်ပိုင်း တစ်လျှောက်ကို Maglev မြေအောက်ရထားဥမင်များကို ဖြန့် ကျက်တည်ဆောက်သွားမှာပါ။ ဒီစီမံကိန်းမှာတော့ ရထားတွဲအရှည်များကို မသုံးဘဲ တွဲငယ်လေးတွေနဲ့ သယ်ပို့ လုပ်သွားမှာ ဖြစ်ပါတယ်။ လီဗာပူးမှသည် ဟူးလ်မြို့ တော်အထိ ခရီးစဉ်အစအဆုံး ဟာ ၁၇၈ ကီလိုမီတာ ( ၁၁၆ မိုင် ) ရှိပြီး ကြားမှတ်တိုင် နှစ်ခုဖြစ်တဲ့ မန်ချက်စတာ နဲ့ လိဒ်ဘူတာများမှာ ရပ်နားပြီး ၂၉ မိနစ်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပြုဆဲ စီမံကိန်းအဆင့်မှာ ရှိနေဆဲသာဖြစ်ပြီး စီမံကိန်း အဆင်ပြေချောမွေ့ မှု ရှိစေရေးအတွက် ရင်းနှီးမြှပ်နှံသူများကိုလည်း ဆွဲဆောင်သွားမယ်လို့ သိရပါတယ်။ နဂိုအဆိုပြုချက်အရ မန်ချက်စတာမြို့ ကနေ လိဒ် ခရီးစဉ်အတွက် ကုန်ကျစရိတ်ဟာ ပေါင် ၂.၂ ဘီလျံ (ဒေါ်လာ ၂.၇ ဘီလျံ) နဲ့ ပေါင် ၃.၇ ဘီလျံ ( ဒေါ်လာ ၄.၅ ဘီလျံ ) အထိ ရှိတော့မှာ ဖြစ်ပါတယ်။ ဒီရထားလမ်း စီမံကိန်းကနေ မြို့ နှစ်မြို့ အတွက် အလုပ်အကိုင်ပေါင်း ၄၈၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ပြီး ပေါင် ၁.၃ ဘီလျံ (ဒေါ်လာ ၁.၆ ဘီလျံ) အထိ GDP တိုးစေမယ်လို့ DCN မှ ခန့် မှန်းထားပါတယ်။ သံလိုက်ရှပ်ပြေးရထားတစ်စင်းဟာ ဘူတာရုံတစ်ခုစီမှာ စက္ကန့် ၆၀ ကနေ ၉၀ ကြား ရပ်နားမှာ ဖြစ်ပါတယ်။


DCN ဟာ ဒီလိုမျိုးစီမံကိန်းကို အမေရိကန်ပြည်ထောင်စုတစ်လျှောက် တစ်နာရီ မိုင် ၆၀၀ အထိ ပြေးဆွဲနိုင်မယ့် သံလိုက်ရထားငယ်မျိုး ထုတ်လုပ်သွားမယ့် အီလွန်မတ်စ်ရဲ့ ကုမ္ပဏီ Hyperloop နဲ့ လုပ်ခဲ့ဖူးပါတယ်။ ယခုစီမံကိန်းသစ်အတွက် အကြံပေးများထဲမှာ KPMG မှ နိုင်ငံတကာ စာရင်းအင်းကျွမ်းကျင်သူများ ၊ Arup မှ ကမ္ဘာ့အင်ဂျင်နီယာများနဲ့ Imperial College London မှ အတိုင်ပင်ခံပုဂ္ဂိုလ်များ ပါဝင်ပါတယ်။ မြောက်ပိုင်း သယ်ယူပို့ ဆောင်ရေး TfN ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ TfN ဟာ DCN အဆိုပြုထားတဲ့ မန်ချက်စတာ မှ လိဒ်မြို့ ပြေးလမ်းကြောင်းများအတွက် အချက်အလက်များကို ပေးထားပြီး ဖြစ်ပြီး လီဗာပူးနဲ့ ဟူးလ်အထိအတွက်လည်း ထုတ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Duwun

No comments:

Post a Comment