Latest News

Tuesday, March 14, 2017

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း အရက်၊ ဘီယာရောင်းချခွင့်ကန့်သတ်

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း အရက်၊ ဘီယာရောင်းချခွင့်ကန့်သတ်



တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ရန်ကုန်အပါအ ၀င်မြို့ကြီးများတွင် ည ၁၀ နာရီ နောက်ပိုင်း အရက်၊ ဘီယာဆိုင် များ အားလုံးပိတ်သိမ်းထားရန် အမိန့်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

  ‘‘ဒေသန္တရအမိန့်အနေနဲ့ ထုတ်ထားတာ ဒီရက်ပိုင်းတွေကို တော့ အားလုံးပိတ်ရတယ်။ ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေမှာ အ ရက်၊ ဘီယာရောင်းတာကိုလည်း ပိတ်ထားတယ်။ ည ၁၀ နာရီ နောက်ပိုင်းဆို အားလုံးပိတ်ရမှာ ပါ’’ဟု စမ်းချောင်းမြို့နယ် လင်း လွန်းမြောက်ရပ်ကွက် အုပ်ချုပ် ရေးမှူး ကိုသန့်ဇင်က ပြောသည်။

 တက္ကသိုလ်စာမေးပွဲ ဖြေဆို နေသည့်ကာလအတွင်း ည ၁၀ နာရီနောက်ပိုင်း အရက်၊ ဘီယာ ဆိုင်များ ပိတ်သိမ်းခြင်းရှိ၊ မရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရဲ တပ်ဖွဲ့များက ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အလိုက် လိုက်လံစစ်ဆေး လျက်ရှိကြောင်း သိရသည်။

‘‘တိုင်းအစိုးရက စာထုတ်ပြီး ပိတ်ခိုင်းတာဖြစ်ပါတယ်။ မလိုက် နာဘဲ ဖွင့်ထားတာတွေ့ ရင်ဆိုင် တွေကို ပထမအဆင့် လက်မှတ် ထိုးပြီး ဒုတိယအဆင့် အရေးယူ တာတွေ လုပ်မှာပါ’’ဟု စမ်း ချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းဝင်းက ပြောသည်။

 အများပြည်သူအပန်းဖြေ သည့် နေရာများဖြစ်သော အင်း လျားကန်ပေါင်ကဲ့သို့နေရာတွင် လည်း ည ၁၁ နာရီအထိသာ လာရောက်ခွင့်ပြုထားပြီး လူစုလူဝေးဖြင့် ၀ိုင်းဖွဲ့စားသောက် ခြင်းကိုမူ ကန့်သတ်ထားကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တာ ၀န်ကျရဲအရာရှိက ပြောသည်။

ပဲခူးတိုင်းဒေသကြီး ပြည် မြို့တွင် ရန်ကုန်မြို့နှင့်မတူဘဲ စာ မေးပွဲနောက်ဆုံးသုံးရက်အတွင်း အရက်၊ ဘီယာယစ်မျိုးရောင်းချ သည့် ဆိုင်များကို တစ်နေ့လုံး ပိတ်သိမ်းထားရန် ဒေသအာဏာ ပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

‘‘ကျောင်းသားလူငယ်လေး တွေ စာမေးပွဲဖြေဆိုပြီး ပြန်လာ တဲ့အခါ အရက်သေစာသောက် စားပြီး မလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်မလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စားသောက်ဆိုင် တွေကို ကြိုတင်အသိပေးရတာ ကတော့ စားသောက်ဆိုင်တွေ အနေနဲ့ အစားအသောက်ပစ္စည်း တွေကို ကြိုတင်ဝယ်ယူထားမိမှာ စိုးတဲ့အတွက်ကြောင့်ပါ’’ဟု ပြည် မြို့ဆံတော်ရပ်ကွက်မှ အုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ပြည်မြို့နယ်ရှိ မြို့ပေါ် ၁၀ ရပ်ကွက်တွင် ဆံတော်ရပ်ကွက် သည် ယစ်မျိုးရောင်းချသည့် စား သောက်ဆိုင်အများဆုံးရှိပြီး ၃၈ ဆိုင်ခန့်ရှိကြောင်း ၎င်းကပြောသည်။

 ရန်ကုန်အပါအ၀င်မြို့ကြီးများတွင် နှစ်စဉ်နှစ်တိုင်း တက္က သိုလ်ဝင်စာမေးပွဲကာလအတွင်း အရက်၊ ဘီယာရောင်းချမှုကို အချိန်ပိုင်းအလိုက် ကန့်သတ်ခဲ့ သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲကို မတ်လ ၈ ရက်တွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်တွင် ပြီးစီးမည်ဖြစ်သည်။



7Day News Journal

No comments:

Post a Comment