တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးဆောင်ရွက်နေပြီး တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ မရှိကြောင်း ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောကြားခဲ့ပါတယ်။
ဒီနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်လွှတ်တော်ခန်းမမှာ ပြည်နယ်အတွင်းမှာရှိတဲ့ ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အစိုးရအဖွဲ့ရွေးချယ်ရာမှာလည်း တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးနိုင်မယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်လမ်းစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့် မပျောက်ပျက်တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်လိုက်မယ်ဆိုရင် ဒီမိုကရေစီဝါဒနဲ့ ဖက်ဒရယ်လမ်းစဉ်ဟာ ပျက်စီးသွားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဖို့နဲ့ အပြန်အလှန်ထိန်းကျောင်းတာတွေ ပြုလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အခက်အခဲတွေကိုမေးမြန်းခဲ့သလို သိမ်းဆည်းခံလယ်ယာမြေပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေက ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့လည်း ပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ လွှတ်တော်နားရက်မှာ ပြည်နယ်ခရီးအစအဖြစ် မွန်ပြည်နယ်ကို လာရောက်ခဲ့တာဖြစ်ပြီး မွန်ပြည်နယ်ကို ဒုတိယအကြိမ်လာရောက်ခဲ့တာ ဖြစ်ပါတယ်။
Photo: Kyaw Lwin Oo/ RFA
Wednesday, March 22, 2017
တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ပြော
တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ပြော
Reviewed by Ar Ti
on
4:31 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment