Latest News

Friday, March 24, 2017

ပြည်သူ့ ရင်ပြင်၊ရွှေထွဋ်တင်ကွင်းတို့ မှာသင်္ကြန်ဖျော်ဖြေရေးပွဲ ပြုလုပ်လိုကြတဲ့သူတွေအနေနဲ့ တိုင်းအစိုးရကို ပွဲပါမစ် သီးခြားလျောက်ထားရမည်

ပြည်သူ့ ရင်ပြင်၊ရွှေထွဋ်တင်ကွင်းတို့ မှာသင်္ကြန်ဖျော်ဖြေရေးပွဲ ပြုလုပ်လိုကြတဲ့သူတွေအနေနဲ့ တိုင်းအစိုးရကို ပွဲပါမစ် သီးခြားလျောက်ထားရမည်

ရန်ကုန်၊ မတ် ၂၄

ပြည်သူ့ ရင်ပြင်၊ရွှေထွဋ်တင်ကွင်းတို့ မှာ သင်္ကြန်ဖျော်ဖြေရေးပွဲ ပြုလုပ်လိုကြတဲ့သူတွေအနေနဲ့ တိုင်းအစိုးရကို ပွဲပါမစ် သီးခြားလျောက်ထားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရကပြောပါတယ်။

ဒီနှစ်သင်္ကြန်မှာ စီးပွားဖြစ်မဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာမဟုတ်ဘဲ ဖျော်ဖြေရေးပွဲပြုလုပ်လိုသူများအနေနဲ့ တော့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဆီကို လျောက်ထားရမှာမဟုတ်ဘဲ တိုင်းအစိုးရဆီကိုသာ သီးခြားလျောက်ထားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

''သင်္ကြန်ပွဲတော်မှာ စီးပွားဆိုင်ရာပွဲတွေခွင့်ပြုသွားမယ်လို့ ဆိုတဲ့စကားရပ်မျိုးတွေကြားနေရပါတယ်။ဒီအခြေအနေမျိုးဆောင်ရွက်ဖို့ မရှိပါဘူး။ ကျွန်တော်တို့ မဏ္ဍပ်တွေဆိုတာ လမ်းမတွေပေါ်မှာဆောက်ကြတယ်။ ပြည်သူ့ ရင်ပြင်လိုနေရာမျိုး  ရွှေထွဋ်တင်လိုနေရာမျိုး သုဝဏ္ဏ The One လိုနေရာမျိုးတွေမှာ ဆောင်ရွက်မယ့်ပွဲတွေ  ကတော့ ဖျော်ဖြေရေးပွဲတွေဖြစ်ပါတယ်ဒီပွဲတွေအတွက် သီးခြားလျောက်ထားနိုင်ပါတယ်'' လို့ သူကဆိုပါတယ်။

အဆိုပါ ဖျော်ဖြေရေးပွဲတွေကိုလည်း ဥပဒေနဲ့ အညီတိတိကျကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါ့အပြင် ခွင့်ပြုထားတဲ့ မဏ္ဍပ်အားလုံးမှာလည်း အလုံပိတ်အခန်းတွေထားရင်လည်း အရေးယူဆောင်ရွက်သွားမှာဖြစ်သလို CCTV ကင်မရာတွေနဲ့ ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

လုံခြုံရေးပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ယူနီဖောင်းဝတ်နဲ့ရော အရပ်ဝတ်နဲ့ ပါ တာဝန်ယူဆောင်ရွက်ကြမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလဖြတ်သန်းမှုမှာလုံခြုံရေးပိုင်းဆိုင်ရာအတွက် ပူပန်စရာမရှိဘူးလို့ ဝန်ကြီးချုပ်ကပြောခဲ့ပါတယ်။

ဖြိုးထက်အောင်( Popular Journal )

No comments:

Post a Comment