Latest News

Friday, March 3, 2017

နာဂဒေသတွင် ချောင်းဆိုးရောဂါတစ်မျိုးကြောင့် လူ ၁၄ ဦး သေဆုံး

နာဂဒေသတွင် ချောင်းဆိုးရောဂါတစ်မျိုးကြောင့် လူ ၁၄ ဦး သေဆုံး


 နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ချောင်းဆိုးရောဂါတစ်မျိုးဖြစ်ပွား နေပြီး ကလေးငယ်များအပါအ၀င် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။

လဟယ်မြို့နယ် တွေးထွေနောက်ကုန်းကျေးရွာအုပ်စု၊ လောနောကုန်းကုန်းနှင့် လောနောက်အင်းကျေးရွာတို့တွင် ချောင်းဆိုးရောဂါတစ်မျိုးကြောင့် ကွင်းဆင်းစစ်ဆေးချက်များအရ သေဆုံးသူ ၁၄ ဦး ရှိနေကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ထုတ်ပြန်ထားသည်။

ချောင်းဆိုးခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း စ သည့် ရောဂါလက္ခဏာများပြကာ လူသေဆုံးမှုများဖြစ်ပေါ်နေသည် မှာ မှန်ကန်ကြောင်း လဟယ်မြို့နယ် ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာဟိန်းထွဋ်ဆွေက အ တည်ပြုသည်။

သေဆုံးသူ ၁၄ ဦးသည် ရုတ်တရက် သေဆုံးခြင်းမျိုး မဟုတ်ဘဲ နှစ်လခန့်အတွင်း သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။

‘‘နာတာရှည်အဆုတ်ရောင် ရောဂါ၊ ပြင်းထန်အဆုတ်လေပြွန် ရောင်ရောဂါတွေဖြစ်တယ်လို့ ယူ ဆပါတယ်။ အတိအကျတော့ မ ပြောနိုင်သေးဘူး။ နာဂတွေရဲ့ နေ ထိုင်မှုပုံစံအရ ဒီဒေသမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ရောဂါတွေပါ။ အခု ကျွန်တော်တို့ သတင်းရထားသ လောက်တော့ ကူးစက်ရောဂါမ ဟုတ်ဘူး။ အရမ်းမစိုးရိမ်ရပါဘူး’’ ဟု ဒေါက်တာဟိန်းထွဋ်ဆွေက ပြောသည်။

သေဆုံးသူ ၁၄ ဦးတွင် အ သက် (၆)နှစ်အောက် ကလေး ငယ် သုံးဦးပါဝင်ပြီး (၈၀)ကျော် အရွယ်များ၊ လူလတ်ပိုင်းများပါ သေဆုံးခြင်းဖြစ်သည်ဟု လဟယ် မြို့နယ်ဆေးရုံမှ သတင်းရရှိ သည်။ ကျန်းမာရေးမှူးနှင့် ကြီးကြပ်တစ်ဦးတို့ သွားရောက်ဆေး ၀ါးကုသပေးနေပြီး တိုက်နယ် ဆရာဝန် ဦးဆောင်သည့်အဖွဲ့ဖြင့် ထပ်မံသွားရောက် ကုသပေးနိုင် ရန် စီစဉ်နေသည်ဟု ဒေါက်တာဟိန်းထွဋ်ဆွေကဆိုသည်။ အဆိုပါ ရောဂါဖြစ်ပွားနေသည့် ကျေးရွာသည် လဟယ်မြို့၏ အနောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ရောဂါဖြစ်ပွားနေသည် ဆိုသော်လည်း ယခုမှ သတင်းရပြီး အတိအကျ မသိရသေးကြောင်း နာဂဒေသ တာဝန်ရှိသူများနှင့် လဟယ်မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူ များကပြောသည်။



7Day News Journal

No comments:

Post a Comment