၂၁ ရာစုပင်လုံညီလာခံ ဧပြီလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံကို မတ်လအတွင်း ကျင်းပရန် အ လားအလာအလွန်နည်းပါးနေပြီး ဧပြီလဆန်းမှသာ ကျင်းပနိုင်ဖွယ် ရှိကြောင်း အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကပြောသည်။
၂၁ ရာစုပင်လုံကို မူလက မတ်လလယ်တွင် ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) က လျာထားသော်လည်း (၁၆) ကြိမ်မြောက် ကရင်အမျိုးသား အ စည်းအရုံး(KNU) ညီလာခံကျင်းပ မည့်ရက်နှင့်တိုက်ဆိုင်နေ၍ ၂၁ ရာစုပင်လုံကျင်းပမည့်ရက်သတ် မှတ်နိုင်ရေး အစိုးရနှင့် KNU တို့ အကြား ညှိနှိုင်းနေသည်။
‘‘လတ်တလော KNU ညီ လာခံရှိတယ်။ အဲဒီအပေါ်မှာ လည်း KNU ညီလာခံရက်ကို ထည့်တွက်ရသေးတယ်။ အခု လောလောဆယ်တော့ ညှိနှိုင်းဆဲဖြစ်တယ်။ မတ်လအတွင်းမှာ တော့ ကျင်းပနိုင်ဖို့ အလားအလာ ပိုနည်းသွားတယ်’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်မည့် KNU ညီလာခံကို မတ်လ ၁၄ ရက်တွင် စတင်မည် ဖြစ်ရာ အနည်းဆုံးသုံးပတ်ခန့်ကြာ နိုင်ကြောင်း သတင်းရရှိသည်။
‘‘ဧပြီလဆန်းလောက်မှ ဖြစ် မယ်လို့ထင်တယ်။ အတိအကျ တော့ မသတ်မှတ်ရသေးပါဘူး။ ကျွန်တော်တို့ KNU ဥက္ကဋ္ဌက ဧပြီ သင်္ကြန်မတိုင်မီ ပြီးအောင်လုပ်ဖို့ သင့်တယ်တဲ့။ သင်္ကြန်ပြီးလို့ရှိရင် တော့ သိပ်ပြီးနောက်ကျလွန်း တယ်တဲ့။ သူကတော့ အဲဒီလို သဘောထားရှိတယ်’’ဟု ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်မည့်အခြေအနေကို KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကပြောသည်။
၂၁ ရာစုပင်လုံညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း ညီ လာခံရလဒ်ပိုမိုကောင်းမွန်စေရန် အဆောတလျင် မကျင်းပသင့်ဟု လည်း KNU တွဲဖက်အတွင်းရေးမှူး (၂) ဖဒိုမန်းမန်းကဆိုသည်။
NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့စလုံး၏ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမြောက်မှု အခြေအနေ၊ လက် မှတ်မထိုးရသေးသည့် အဖွဲ့များ ၂၁ ရာစုပင်လုံသို့ ပါဝင်လာနိုင် မည့်အရေးတို့ကို ထည့်သွင်းစဉ်း စားရန်နှင့် ညီလာခံမတိုင်မီ တိုင်း ရင်းသားနိုင်ငံရေးပါတီများ၊တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်ရရှိရေး တိုင်းရင်း သားညီလာခံတစ်ခု ဦးစွာလုပ် ဆောင်သင့်သည်ဟု ၎င်းက အ ကြံပြုသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment