Latest News

Sunday, March 12, 2017

မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ရာ၌ သစ်အသုံးပြုမှုကို လျှော့ချ

မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ရာ၌ သစ်အသုံးပြုမှုကို လျှော့ချ



ယခုနှစ်မန္တလေးမြို့ တော်မဟာသင်္ကြန်မဏ္ဍပ်တည် ဆောက်ရာတွင် သစ်သားအသုံး ပြုမှုကို ယခင်နှစ်များထက် လျှော့ ချမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

ယခင်နှစ်များက သင်္ကြန် မဏ္ဍပ်တည်ဆောက်ရာတွင် ကိုယ်ထည်ပိုင်းကို သံပေါင်များ အသုံးပြုတည်ဆောက်ပြီး ကျန် သည့်အပိုင်းများမှာ သစ်သားများ ကိုသာ အသုံးပြုခဲ့ကာ သစ်သား ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိခဲ့သော် လည်း ယခုနှစ်၌ သစ်သားပါ ၀င်မှု ၁၅ ရာခိုင်နှုန်းခန့်သာရှိမည် ဟု ဦးဇော်ဝင်းက ပြောသည်။

‘‘သစ်သားတွေ လေလွင့်မှု မရှိအောင် ဒီနှစ်မှာ သစ်အသုံးပြု မှု တော်တော်ကို လျှော့ထား တယ်။ ဒါကလည်း ဖြည်းဖြည်း အစားထိုးလာရတာပေါ့။ တစ်နှစ် တည်းနဲ့ ပြောင်းလဲလိုက်တာတော့ မဟုတ်ဘူး’’ဟု ဦးဇော်ဝင်းက ပြောသည်။

သင်္ကြန်မဏ္ဍပ်တွင် သစ်အသုံးပြုမှု လျှော့ချခြင်းသည် နှစ်ကြာရှည်စွာ အသုံးပြု၍ မရခြင်း၊ လေဒဏ်၊ မိုးဒဏ်များကြောင့် ပျက်စီးဆုံးရှုံးခြင်းမဖြစ် စေရန်နှင့်  သံပေါင်များ တည်ဆောက်ရာတွင် လွယ်ကူပြီး ခိုင်ခံ့ မှုရှိခြင်းများကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မန္တလေးမြို့တော် မဟာ သင်္ကြန်မဏ္ဍပ်ကို ယခင်နှစ်များက ဖေဖော်ဝါရီ ဒုတိယပတ်ခန့်က စတင်တည်ဆောက်လေ့ရှိသော် လည်း ယခုနှစ်တွင် မတ်လ ၁ ရက်က စတင်တည်ဆောက်နေသည်။

‘‘ရိုးရာသင်္ကြန်အပြောင်းအ လဲလေးတွေရှိတော့ နောက်ဆုံး အချိန်ထိ စောင့်ခဲ့ရတယ်။ အချိန် နည်းတယ်ဆိုပေမယ့် လူအင်အား များများနဲ့ ဆောက်နေပါတယ်’’ ဟု မဟာသင်္ကြန်မဏ္ဍပ်ဆောက် လုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၏ ဒီဇိုင်းပိုင်း နှင့်ပတ်သက်၍ ယေဘုယျ သဘောတူမှုအဆင့်သာရှိထားပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ် ရခြင်းမရှိသေးကြောင်း ဦးဇော် ၀င်းက ပြောသည်။ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီက ယခုနှစ်မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အတွက် ဘတ်ဂျက်ငွေအသုံးပြုမှု များ စွာလျှော့ချပြီး မဏ္ဍပ်တည် ဆောက်ရာတွင်လည်း ယခင်နှစ် များထက် ဘတ်ဂျက်လျှော့ သုံးစွဲထားသည်ဟု ဆိုသည်။



7Day News Journal

No comments:

Post a Comment