Latest News

Sunday, March 12, 2017

တပ်မတော်သားတစ်ဦးက ဒီချုပ်အလံတိုင်နှင့် ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့၍ တပ်အရာရှိတောင်းပန်

တပ်မတော်သားတစ်ဦးက ဒီချုပ်အလံတိုင်နှင့် ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့၍ တပ်အရာရှိတောင်းပန်



ပဲခူးတိုင်းဒေသကြီး ပေါင်း တည်မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် အ လံတိုင်ကို မတ်လ ၁၁ ရက်က တပ်မတော်သားတစ်ဦးက ဖျက်ဆီးခဲ့သောကြောင့် အဆိုပါ တပ်ရင်းမှ တာဝန်ရှိဗိုလ်မှူးသန်းဝင်းအောင် က လာရောက်တောင်းပန်ခဲ့ ကြောင်း  ပေါင်းတည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ပေါင်းတည်မြို့နယ်ပေါက် တောကျေးရွာအနီးတွင် အခြေစိုက်သည့် ခမရ(၁၀) မှ အသက် (၂၀) အရွယ်  တပ်သားတစ်ဦးသည် မတ်လ ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်က ပေါက်တောကျေး ရွာအုပ်စု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆိုင်းဘုတ်နှင့် အလံ တိုင်ကို တွန်းလှဲဖျက်ဆီးသွား ကြောင်း ပေါင်းတည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးထွန်းထွန်းဦးက ပြောသည်။

‘‘တပ်မတော်သားက အရက် သောက်ထားပြီး မူးနေတာကြောင့် ဖျက်ဆီးသွားတယ်လို့ သိရတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင်ဥက္ကဋ္ဌရယ်၊ ပေါင်းတည် မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ အလုပ်အမှု ဆောင်တွေထံမှာ ခမရ(၁၀)ရဲ့ တပ်ရင်းမှူးကိုယ်တိုင်လာရောက် တောင်းပန်တယ်။ တပ်မတော် သားကိုလည်း တပ်အချုပ်မှ ချုပ် ထားပြီး တပ်စည်းကမ်းအရ အ ရေးယူသွားမယ်လို့ သိရတယ်’’ ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းသို့ ဖျက်ဆီးမှုကြောင့် ပေါက်တောကျေးရွာအုပ်စု ဒီချုပ်ဆိုင်းဘုတ်သည် အောက်ခြေတိုင်နှစ်တိုင်နှင့် အလံတိုင်ဝါးလုံးကျိုးခဲ့ပြီး ဆိုင်းဘုတ်သွပ်ပြား အနည်း ငယ်ချိုင့်ဝင်ခဲ့သည်။

‘‘ဖျက်ဆီးခံလိုက်ရတဲ့ ဖြစ် စဉ်မှတ်တမ်းတွေကို ပဲခူးအ နောက်ခြမ်းဒေသစစ်ကွပ်ကဲမှု ဌာနချုပ်၊ ခရိုင်ထွေအုပ်စတာတွေ ကို တင်ပြထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကို လည်း တင်ပြပြီး ဗဟိုရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြည်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။



7Day News Journal

No comments:

Post a Comment