Latest News

Sunday, March 12, 2017

သီတဂူဆရာတော် သက်တော် (၈၀)ပြည့် မွေးနေ့ အခမ်းအနားကျင်းပ

သီတဂူဆရာတော် သက်တော် (၈၀)ပြည့် မွေးနေ့ အခမ်းအနားကျင်းပ



သီတဂူဆရာတော်၏ သက်တော်(၈၀)ပြည့်မွေးနေ့ အခမ်းအနားကို စစ်ကိုင်းမြို့ ထူပါရုံဘုရား၌ မတ်လ ၁၀ရက် နံနက် ၅ နာရီကစ၍ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်သည်။

တပေါင်းလပြည့်နေ့ (မတ်လ ၁၂ ရက်)တွင် သက် တော်(၈၀)ပြည့်မည်ဖြစ်သော သီတဂူဆရာတော်၏ မွေးနေ့ကို စစ်ကိုင်းမြို့၌ ၁၀ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၁ ရက် နံနက် ၅ နာရီက မွေးနေ့အလှူအဖြစ် စစ်ကိုင်းမြို့ ထူပါရုံဘုရား၌ မြို့မပင့်သံဃာ အပါး ၁,၀၀၀ အား ဆွမ်းကြီးလောင်းလှူကာ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့သည်။

‘‘ဒီနေ့ မွေးနေ့အကြို လှူ ဒါန်းပွဲမှာ ဗြိတိန်သံအမတ်ကြီး လည်း တက်ရောက်လာတယ်။ မနက်ဖြန်မှာ ဝိပဿနာကမ္မဋ္ဌာန်း ဌာနကို ဖွင့်လှစ်မယ်။ ဆရာတော် ရဲ့ တပည့်ဒကာတွေကလည်း ဒီနေ့ကတည်းကစပြီး သူတို့နယ် ဒေသထွက် အစားအစာလေးတွေ စတုဒိသာလာကျွေးနေကြတယ်’’ ဟု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဆရာတော် ဦးကုမာရက မိန့်သည်။

တပေါင်းလပြည့်နေ့ ဆရာ တော်၏ မွေးနေ့တွင် စစ်ကိုင်း တောင်ရိုးရှိ ပင့်သံဃာအပါး ၁,၀၀၀ အား သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ဆွမ်းကြီးလောင်း လှူခြင်း၊ သီတဂူဆရာတော် ဆောက်လုပ်ထားသော စစ်ကိုင်း မြို့ သောတာပန်ကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာ ကမ္မဋ္ဌာန်းဌာန ဖွင့်လှစ်ခြင်း၊ တပေါင်းလပြည့်ကျော် ၁  ရက်နံနက် ၅ နာရီတွင် ပင့်သီလရှင်အပါး ၁,၀၀၀ အား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ဆွမ်းကြီးလောင်းလှူခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ သတင်းရရှိသည်။

 မွေးနေ့ အထိမ်းအမှတ် အဖြစ် တရားပွဲများကို တပေါင်း လပြည့်ကျော် ၁ ရက်မှ ၈ ရက် အထိ (မတ်လ ၁၃ ရက်မှ ၂၀ရက်) အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာကမ္မဋ္ဌာန်းဌာန၌ ဖား အောက်တောရ ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက် တာအရှင်နန္ဒမာလာ ဘိဝံသ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒစသည့် ဆရာတော်များ အပါအဝင် ဟော ကြားမည်ဖြစ်သည်။

သီတဂူ ဆရာတော်၏ မွေး နေ့ကို စစ်ကိုင်းမြို့ ထူပါရုံဘု ရား၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာကမ္မဋ္ဌာန်းဌာန စသည့် နေရာများတွင် ကျင်းပမည်ဖြစ်ပြီး ဆရာတော်၏ တပည့် ဒါယကာ၊ ဒါယိကာမများက မွေးနေ့ အထိမ်းအမှတ် စတုဒိသာကျွေး မွေးလျက်ရှိသည်။

ဆရာတော်၏ မွေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာကမ္မဋ္ဌာန်းဌာနတွင် အမျိုးသားယောဂီ ၁၀၀၊ အမျိုး သမီးယောဂီ ၁၀၀ တို့ တရားအားထုတ်နိုင်ရန် ဆောက်လုပ်ထားကြောင်း မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။



7Day News Journal

No comments:

Post a Comment