Latest News

Thursday, March 30, 2017

လမ်းဘေးတွင်ရပ်ထားသောယာဉ်အား အရှိန်မထိန်းနိုင်သောယာဉ်က တိုက်မိ

လမ်းဘေးတွင်ရပ်ထားသောယာဉ်အား အရှိန်မထိန်းနိုင်သောယာဉ်က တိုက်မိ


နေပြည်တော်၊ မတ်  ၃၀

၂၀၁၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ၀၀၁၀ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၅၃/၂)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စက်ချို့ယွင်း၍ လမ်းဘေးတွင်ရပ်ထားသော 7C/×××× UD ကောင်တာ(၁၈)ဘီး ယာဉ်အား မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာနေ မြင့်အောင်(၄၉)နှစ်မောင်းနှင်လာသည့် 2L/×××× ISUZU Light Truck ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှတိုက်မိခဲ့ရာ ယာဉ်မောင်း မြင့်အောင်နှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ဒေါ်ယဉ်တင့်(၆၈)နှစ်ပါ(၁၀)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မြင့်အောင်အား  ရေနံမနယ်မြေရဲစခန်းယာဉ်(ပ)၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည်

No comments:

Post a Comment