Latest News

Thursday, March 30, 2017

တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား ဖမ်းဆီးရမိ

တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၃၀

မတ်လ ၂၉ ရက်က မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မြကန်သာလမ်း၊ အမှတ် (၂၂) ရှိ ဒို့ညီနောင်ကားဂိတ်၊ ကုန်ပစ္စည်းလက်ခံဌာနတွင် တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ အမျိုးသားတစ်ဦးမှ လာရောက်အပ်နှံ ခဲ့သော ဆာလာအိတ်တစ်လုံးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း ဖုန်းဆက် အကြောင်းကြားချက်အရ

သွားရောက်၍စစ်ဆေးရာ “ကိုအောင်နိုင်၊အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကွင်း”ဟု ရေးသားထားသော အဖြူရောင်ဆာလာအိတ်အားတွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား၂၃၀,၀၀၀ ပြား၊ ဒို့ညီနောင်ကားဂိတ်၏ ကုန်ပစ္စည်းလက်ခံပြေစာတစ်စောင်နှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက်ပို့ဆောင်သူ တန့်ယန်းမြို့၊ နမ့်ပွန်းကျေးရွာနေ စိုင်းကျော်လှ အား TOYOTA IPSUM အဖြူရောင် မော်တော်ယာဉ်နှင့်အတူ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းရှိ လီရှောတည်းခိုခန်းအရှေ့လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းကျော်လှ (၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment