Latest News

Sunday, March 12, 2017

ချီးကျူးခံရမှာကို ကြောက်ရတဲ့ အကြောင်းအရင်း (၅) ချက်

ချီးကျူးခံရမှာကို ကြောက်ရတဲ့ အကြောင်းအရင်း (၅) ချက်

ချီးကျူးခံရတာကို လူတိုင်းက နှစ်သက်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတာ၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အားကျနှစ်သက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချီးကျူးမှုကို မနှစ်တာမျိုးလည်း ရှိပါတယ်။ ချီးကျူးခံရမှာကို မလိုလားတာမျိုး ရှိပါတယ်။

၁ - ကိုယ့်ကိုယ်ကိုယ် မလေးစားခြင်း
ချီးကျူးခံရတာမျိုးကို မကြိုက်ရတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ်လေးစားမှု အလွန်နည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။ ချီးကျူးခံသင့်တဲ့ လူမျိုး မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာပါ။ ဒါပေမဲ့ ဒီလိုအတွေးမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့ အတွေးမျိုး ဖြစ်ပါတယ်။ ချီးကျူးခံရလို့ ကိုယ့်ဘက်က အပြုသဘောမဆောင်တဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်မိမှာကို အထူးသတိထားသင့်ပါတယ်။

၂ - ထိတ်လန့်မှု
နောက်ထပ်တစ်ချက်ကတော့ ထိတ်လန့်တာကြောင့်ပါ။ ချီးကျူးခံရတဲ့အခါ ချီးကျူးမှုရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေတယ်ဆိုပြီး ကြောက်လန့်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ချီးကျူးမှုကို လက်မခံတဲ့ အပြုအမူမျိုး ပြတတ်ပါတယ်။  ဒီလိုချီးကျူးမှုကို ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ စိုးရိမ်နေတတ်ပါတယ်။ ကိုယ့်ဘက်က ဘာအမှားမှ လုပ်မထားရင် စိုးရိမ်စရာမရှိပါဘူး။ ချီးကျူးမှုရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ခု ရှိနေတယ်ဆိုလည်း ရင်ဆိုင်ရုံပဲ ဖြစ်ပါတယ်။ ထိတ်လန့်နေစရာအကြောင်းမရှိပါဘူး။

၃ - အာရုံစိုက်ခံရမှာ
အာရုံစိုက်ခံရမှာကို ကြောက်တာပါ။ သင့်ကို တစ်စုံတစ်ဦးက ချီးကျူးနေတဲ့အခါမှာ အားလုံးရဲ့ အာရုံက သင့်ဆီရောက်လာတာမျိုးပါ။ ဒီလိုအဖြစ်မျိုးကို ရင်မဆိုင်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ရှက်တတ်သူတွေလည်း ဖြစ်တတ်ပါတယ်။ လူအများရှေ့မှာ ချီးကျူးခံရတာမျိုးဟာ သင်က ချီးကျူးထိုက်သူဖြစ်ကြောင်း အားလုံးကို သိစေချင်လို့ပါ။ သင့်ရဲ့ ရှက်တတ်မှုကို အပြုံးလေးတစ်ခုနဲ့ဖုံးကွယ်ပြီး ချီးကျူးမှုကို ခံယူရုံပါပဲ။

၎ - ပြန်လိုချင်တာလား
လူတစ်ယောက်ကို ရိုးရိုးသားသား ချီးကျူးတာမျိုး မဟုတ်တာလည်း ရှိပါတယ်။ တစ်စုံတစ်ခု ပြန်လိုချင်တာကြောင့် ချီးကျူးစကားတွေ ပြောတာမျိုး ရှိပါတယ်။ မျက်နှာချိုသွေးနေရင် သတိထားတော့ဆိုတာမျိုးပါ။ ချီးကျူးခံရတဲ့အခါ ဒီလိုပြန်ပေးရမှာမျိုးကို ကြောက်တာပါ။

၅ - သနားလို့
သဘောကျနှစ်သက်လို့ ချီးကျူးတာ မဟုတ်ပါဘူး။ သနားတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်မှာရှိနေတဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပေးတဲ့ပုံမျိုးနဲ့ ချီးကျူးတာ ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် ချီးကျူးစကားတွေပြောနေတယ်ဆိုတာကို သိထားတော့ ဒီလိုစကားတွေကို လက်မခံချင်ပါဘူး။

Photos & Source: All Women Talk

Duwun

No comments:

Post a Comment