Latest News

Sunday, March 12, 2017

သောက်တာများပြီး ခေါင်းမကိုက်ဖို့ အဓိကကျဆုံးအချက်

သောက်တာများပြီး ခေါင်းမကိုက်ဖို့ အဓိကကျဆုံးအချက်

ဒီနေ့လိုမျိုး ရုံးပိတ်ရက်တွေဆို အပေါင်းအသင်းတွေစုပြီး သောက်ကြစားကြတယ်။ သောကြာ၊ စနေနေ့လိုမျိုးမှာသောက်တာက နောက်နေ့ရုံးမတက်ရလို့ ပြဿနာမရှိဘူးလေ။ တနင်္ဂနွေညမှာတော့ အလွန်အကျွံမသောက်မိဖို့ လိုပါတယ်။ သောက်တာများနေရင်လည်း နောက်နေ့မနက် ခေါင်းတွေကိုက်ပြီး အလုပ်ကိုအာရုံမစိုက်နိုင် ဖြစ်ရပါလိမ့်မယ်။

စိတ်ကြိုက်သောက်တဲ့နေ့တွေမှာလည်း ကြုံရတဲ့ပြဿနာတစ်ခု ရှိပါသေးတယ်။ သောက်ပြီးအိပ်လိုက်ပေမဲ့ နောက်နေ့မနက် ခေါင်းမထူနိုင်တာမျိုး ကြုံရတယ်မဟုတ်လား။ အရက်နာကျခြင်းဟာ သောက်ဖူးသူတိုင်းကြုံတွေ့ရတဲ့အရာပါ။ ဒါကို ရင်ဆိုင်ဖို့ အကောင်းဆုံးအဖြေ ရှိပါတယ်။ အိပ်ရေးဝအောင် အိပ်ခြင်းပါပဲ။ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အယ်လ်ကိုဟောကြောင့် ပင်ပန်းသွားရတဲ့ ဦးနှောက်ကို အနားပေးဖို့ရာ အိပ်ရေးဝ၀ အိပ်ပေးရပါမယ်။ အိပ်ရေးဝဝ အိပ်ပြီး နိုးလာရင် ခေါင်းမကိုက်တော့ပါဘူး။

ပိုပြီးလန်းဆန်းသွားအောင် ရေချိုးခေါင်းလျှော်လိုက်ကြတာပေါ့။ အရက်နံ့တွေက သောက်နေချိန်မှာ နံတယ်လို့မထင်ပေမဲ့ မနက်မိုးလင်းလာရင် ကိုယ့်အနံ့ကို ကိုယ်တောင်မခံနိုင်ဖြစ်ရတယ်လေ။ ရေချိုး ခေါင်းလျှော်လိုက်တော့ အနံ့အသက်တွေကင်းသွားပြီး အေးမြလန်းဆန်းသွားတာပေါ့။ ဒီတော့ များများသောက်ပြီး နောက်ဆက်တွဲပြဿနာ အရက်နာခြင်းကို မကြုံချင်ရင်တော့ အိပ်ရေးဝဝအိပ်၊ နိုးလာရင် ခေါင်းလျှော်ရေချိုးပါလို့ပဲ အကြံပေးလိုက်ပါတယ်။

Duwun

No comments:

Post a Comment